ပြင်ဦးလွင်နဲ့ ရှမ်းမြောက်ဒေသက သုံးရက်အတွင်း တိုက်ပွဲ အနှစ်ချုပ်

2019-08-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်နက်ကြီးကျပြီး ပျက်စီးသွားခဲ့တဲ့ လားရှိုးမြို့၊ အောင်သစ္စာ ၁၉ လမ်းက နေအိမ်ကို ၂၀၁၉၊ သြဂုတ် ၁၇ ရက်နေ့က တွေ့ရစဉ်
လက်နက်ကြီးကျပြီး ပျက်စီးသွားခဲ့တဲ့ လားရှိုးမြို့၊ အောင်သစ္စာ ၁၉ လမ်းက နေအိမ်ကို ၂၀၁၉၊ သြဂုတ် ၁၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် နည်းပညာစစ်တက္ကသိုလ် အတိုက်ခံရတာကနေ မနေ့က ၁၇ ရက်နေ့ထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ TNLA/AA/MNDAA ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲဟာ အတော့်ကိုကျယ်ပြန့်ခဲ့ပြီး၊ ဒေသတစ်ခွင်လုံး စစ်ရိပ်စစ်ငွေ့တွေနဲ့ ခြောက်သွေ့သွားခဲ့ပါတယ်။

ဒီသုံးရက်အတွင်း ဖြစ်ရပ်တွေမှာ ၁၅ ရက်နေ့က ပြင်ဦးလွင်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၃ ယောက်၊ အရပ်သား နှစ်ယောက် သေဆုံးသလို၊ မနေ့ကတော့ လားရှိုးလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ သေဆုံးပြီး အသင်းသား သုံးယောက် ဒဏ်ရာရခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း နေအိမ် နှစ်လုံးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရထားပါတယ်။ အဲဒီရပ်ကွက်နေ အရပ်သားရာကျော်လည်း ဘေးလွတ်ရာခိုလှုံနေရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ စစ်ပွဲဖြစ်နေတဲ့ဒေသမှာ သတင်းလိုက်ယူထားတဲ့ RFA သတင်းထောက် ကိုကံသာကို ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့