ချင်းအရပ်ဘက်အဖွဲ့တွေ AA အပေါ် စွပ်စွဲရေးသားတာမလုပ်ဖို့ AA ထုတ်ပြန်

2019-08-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၉ ဇူလိုင် ၃၁ ရက်နေ့က AA  ပြန်လွှတ်ပေးလိုက်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကင်းတလင်းရွာက ခူမီးတိုင်းရင်းသားတွေကို တွေ့ရစဉ်
၂၀၁၉ ဇူလိုင် ၃၁ ရက်နေ့က AA ပြန်လွှတ်ပေးလိုက်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကင်းတလင်းရွာက ခူမီးတိုင်းရင်းသားတွေကို တွေ့ရစဉ်
Photo: AA Website

ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ချင်းအမည်ခံသတင်းဌာနအချို့အနေနဲ့ ရခိုင့်တပ်တော် AA အပေါ်မှာ ရေးသားနေတာတွေဟာ တာဝန်ခံမှုမရှိတဲ့ ရေးသားချက်၊ နိုင်ငံရေး၊ လူမျိုးရေး၊ အဂတိတရား မကင်းရှင်းတဲ့ စွပ်စွဲ ချက်၊ အမုန်းတရားနဲ့ မနာလိုမှုတွေကို ပေါင်းစပ်ပြီးရေးသားချက်၊ မြန်မာအစိုးရ၊ စစ်တပ်နဲ့ပူးပေါင်းကာ နိုင်ငံရေးအရ တိုက်ခိုက်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

ဒီလိုရေးသားနေတာတွေဟာ မဟုတ်မှန်ဘူးဆိုတာကို သိစေချင်လို့ အခုလို ကြေညာချက်ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောပါတယ်။

"ကျွန်တော်တို့ဘက်နေပြီးတော့ ဒီလိုမျိုး သတင်းအမှားတွေနဲ့ စွပ်စွဲနေတဲ့ဥစ္စာတွေကို ဒီလိုမျိုးမဟုတ်ဘူးဆိုတဲ့ ဥစ္စာကို ကျွန်တော်တို့ဘက်ကပြန်ပြီးတော့ ထုတ်ပြန်ချက်ထုတ်တာဖြစ်တယ်ဗျ၊ ဒီချင်းလူ့အခွင့်အရေးအဖွဲ့တွေ ကနော် ကျွန်တော်တို့ကို အခြေအမြစ်မရှိဘဲ စွပ်စွဲချက်တွေနဲ့ စွပ်စွဲနေတဲ့ဥစ္စာတွေ  နောက်ပြီးတော့ ချင်းအမည်ခံ သတင်းဌာနတချို့က ဆိုရှယ်မီဒီယာအပေါ်မှာ ကျွန်တော်တို့ရခိုင့်တပ်တော်အပေါ်မှာ အခြေအမြစ်မရှိ စွပ်စွဲရေး သားနေတာတွေကို ကျွန်တော်တို့တွေ့တယ်၊ ဒီဟာတွေဟာပြောမယ်ဆိုလို့ရှိရင် ချင်းနဲ့ရခိုင်အကြားမှာ အမုန်း တရားတွေဖြစ်လာအောင်နေပြီးတော့ သူတို့ဘက်ကနေပြီးတော့ လှုံ့ဆော်ရေးသားနေတာတွေဖြစ်တယ်ဗျ၊ နောက်တစ်ခုရှိတာက သူတို့ကနေပြီးတော့ ဗမာစစ်တပ်ရဲ့အလိုကျပေ့ါဗျာ၊ နိုင်ငံတကာကနေပြီးတော့ ကျွန်တော် တို့အဖွဲ့အစည်းအပေါ်မှာ အထင်အမြင်တွေလွဲလာအောင် အခြေအမြစ်မရှိတဲ့သတင်းတွေနဲ့ လုပ်ကြံဖန်တီး ပြီးတော့ ရေးသားတယ်ဆိုတာဖြစ်တယ်ဆိုတဲ့ဟာကို ဒါကျွန်တော်တို့ အများပြည်သူသိအောင် ထုတ်ပြန်တာဖြစ် တယ်၊ သူတို့ဟာ သူတို့ပြန်လည်ပြီးတော့ ရုပ်သိမ်းဖို့အတွက်လည်း ကျွန်တော်တို့က တောင်းဆိုတာဖြစ်တယ်။"

ချင်းမျိုးနွယ်စုတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ၊ နှိပ်စက်တာ၊ အတင်းအဓမ္မစေခိုင်းတာ စတဲ့ စွပ်စွဲရေးသားနေ တာတွေနဲ့လည်း AA အဖွဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ ချင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ပြောဆိုချက်တွေဟာ AA အဖွဲ့က ဖမ်းဆီးတာခံခဲ့ရတဲ့ ကင်းတလင်း ရွာသားတွေ အပါအဝင် ဒေသခံတွေရဲ့ ပြောဆိုမှုတွေကိုသာ အခြေခံတာဖြစ်လို့ AA ရဲ့ကြေညာချက်နဲ့ ပြောဆို မှုတွေက လိမ်နေတာသာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းနဲ့အချက်အလက်ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရ ကပြောပါတယ်။

"ကျွန်တော်တို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ ဒေသခံတွေရဲ့ သတင်းပြောဆိုချက်ကိုပဲ ကိုးကားပြီးတော့ ပြောတာပါ၊ ကျွန်တော်တို့ချဲ့ပြီးတော့ ထွင်ပြီးတော့ပြောမဟုတ်ဘူး၊ ကျွန်တော်တို့ကို သူတို့အဲ့လိုပြောလိုရှိရင် သူတို့ရဲ့သက်သေအထောက်အထား မျက်မြင်သက်သေတွေလည်းရှိတယ်ပေါ့နော်၊ ကျွန်တော်တို့က အရှိကို အရှိအတိုင်း အဖြစ်ကိုအဖြစ်အတိုင်းပဲ ဒေသရဲ့အခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်၊ သူတို့က အဲလိုပြန်ပြီးတော့ ငြင်းတယ်ဆိုတော့ သူတို့လိမ်တာကြတာပေါ့ မဟုတ်ဘူးလား၊ ကင်းတလင်းရွာသားတွေပြောပြချင်နဲ့ AA ပြောပြချ င်တအားကွဟတယ်၊ အဲဒီပုံစံကိုလည်း ကျွန်တော်တို့ စဉ်းစားစရာအများကြီးရှိတယ်ပေါ့၊ AA ပြောတာတခြား ကင်းတလင်းရွာသားပြောတာတမျိုးဆိုတော့ ကျွန်တော်တို့လည်း ကွဲဟချက်ကိုပဲ သိပ်အံ့သြတာပေါ့နော်၊ အံ့သြ စရာ တစ်ခုတော့ဖြစ်တယ်၊ သူတို့က အတင်းအဓမ္မ အတင်းအကျပ်နဲ့ ခြိမ်းခြောက်ပြီး ခေါ်ယူခြင်းဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ပြောထားတာရှိတယ်။"

ချင်းပြည်နယ် ပလက်ဝက ကလင်းတလင်းရွာသား၅၄ ယောက်ကို AA က ဖမ်းဆီးခေါင်ဆောင်သွားစဉ်ကလည်း ရွာသားတွေက သူတို့သဘောနဲ့သူတို့ လိုက်တာမဟုတ်ဘဲ AA က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ကြောင်း ရွာသားတွေအားလုံးက ပြောတယ်လို့ ဆလိုင်းတေရ ကပြောပါတယ်။

ချင်းအဖွဲ့အစည်းတွေအနေနဲ့ ဒေသခံတွေရဲ့ သတင်းအချက်အလက်တွေရလို့သာရေးတာဖြစ်ပြီး ဖြစ်ရပ်မှန်တွေသာ ဖြစ်တယ်လို့ ခူမီးတိုင်းရင်းသားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အခုလိုပြောပါတယ်။

"အဲတာက တကယ့်ဖြစ်ရပ်မှန်တွေပဲလေ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းကရေးတာတွေက မှားတယ်ပေါ့၊ အဲတာက ရန်ကုန်နေတဲ့ ချင်းလူ့အဖွဲ့အစည်းတွေက ဒီကသတင်းအချက်အလက်တွေရလို့ရေးတာ၊ တကယ်ဖြစ်ရပ်မှန်တွေ ပါ ဒါက သူတို့သာမဟုတ်မဟတ်တွေ လျှောက်ရေးတာ၊ ကျွန်တော်တို့လူမျိုးအပေါ်မှာ အထင်အမြင်လွဲ မှားတောင်ရေးတာ သူတို့ပဲရေးတာ၊ အရင်တစ်ခါလည်းပဲ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တယ်၊ ရန်ကုန်မှာ ဆန္ဒဖော်ထုတ်တဲ့အချိန်မှာလည်းပဲ AA က ရခိုင်ပြည်နယ်မှာရှိတယ် ရခိုင်ပြည်နယ်မှာလှုပ်ရှားပါ၊ ချင်းပြည်နယ် ထဲက ပလက်ဝမြို့နယ်မှာ မလှုပ်ရှားပါနဲ့လို့ တောင်းဆိုတာတွေလည်းရှိတယ်၊ သူတို့က ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားရင်တော့ ကျွန်တော်တို့က ဘာမှကန့်ကွက်စရာမရှိဘူး၊ ကျွန်တော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ထဲမှာ လှုပ်ရှားတဲ့သူတို့က လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်ပဲပြောရမလား၊ နယ်မြေကျူးကျော်ပြီးတော့မှ ကျွန်တော်တို့ ဒေသခံတွေကို မတည်မငြိမ်ဖြစ်အောင်လုပ်တာလေ။"

AA ဘက်ကတော့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ချင်းအမည်ခံသတင်းဌာနအချို့အနေနဲ့ သတင်းတွေကို ရေးထားထုတ်ပြန်ရာမှာ သေချာစိစစ်ရန်နဲ့ မျှတသောစဉ်းစားမှုတွေနဲ့ ထိန်းထိန်းသိမ်းသိမ်းရေးသားဖို့ တိုက်တွန်း ထားတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့