မြန်မာနိုင်ငံအတွက် အကျိုးရှိစေမယ့် မူဘောင် ကမ္ဘာ့ဘဏ်ချမှတ်

2015-04-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ မြန်မာနိုင်ငံကလူ သန်းနဲ့ချီ အကျိုးကျေးဇူးရှိမယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ဘဏ်အလုပ်အမှုဆောင် ဒါရိုက်တာအဖွဲ့က အတည်ပြုလိုက်တာလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်နေတဲ့ ကမ္ဘာ့ဘဏ် ရန်ကုန်ရုံးက ဆက်သွယ်ရေးအရာရှိ ဦးကျော်စိုးလင်းက ပြောပါတယ်။

"အကုန်လုံးဆွေးနွေးပြီးတော့မှ သူတို့ကအတည်ပြုလိုက်တာပေါ့နော်၊ အမ္ဘာ့ဘဏ်ရဲ့ ဒါရိုက်တာဘုတ် အဖွဲ့ကနေ အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟချမှတ်တဲ့ မူဘောင်လို့လည်း ပြောလို့ရပါတယ်"

ဒီမူဘောင်အရ လာမယ့်သုံးနှစ်အတွင်း မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသုံးသန်းအတွက် ကျန်းမာရေးဝန်ဆောင်လုပ်ငန်း ပိုတိုးတက်လာမှာဖြစ်ပြီး လူခြောက်သန်းဟာ လျှပ်စစ်မီးနဲ့ တခြား လမ်း၊ တံတားစတဲ့ အခြေကျတဲ့ဝန်ဆောင်လုပ်ငန်းတွေ ရရှိလာမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ့ဘဏ်ရဲ့  IDA အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း က နှစ်ရှည်အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း ၁၆၀၀ ကူညီပါမယ်။

ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိကကဏ္ဍအဖွဲ့တခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း ICF ကလည်း အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ရင်းနှီးမြှုပ်နှံရုံမက နည်းပညာအကူအညီ ဒေါ်လာ သန်း ၂၀ ပေးပါမယ်။ ကမ္ဘာ့ဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံစုံ အကျိုးတူရင်းနှီးမြှုပ်နှံမှု အာမခံရေးအဖွဲ့  MIGA က ပေးတဲ့ နိုင်ငံရေးဆိုင်ရာ ထိခိုက်နိုင်မှု အာမခံအကျိုးကျေးဇူးလည်း ရရှိမယ်လို့ ကြေငြာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဆင်းရဲမှု လျှော့ချရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စာသင်ကျောင်းအပါအဝင် လူထုဝန်ဆောင်လုပ်ငန်းကဏ္ဍနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍပေါ်ထွန်းရေးစတဲ့ ကဏ္ဍသုံးရပ်ကို ကူညီမယ်လို့လည်း ပါရှိပါတယ်။

ဒီအကြောင်း  ဆက်သွယ်ရေးအရာရှိ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့