ရနောင်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူတွေ အစိုးရ အကူအညီလို

2018-05-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု နောက်ဆုံးအခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် မေလ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့စဉ်
လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု နောက်ဆုံးအခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် မေလ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ဆယ်ကျော်သက်ရွယ် အမျိုးသမီးတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၄ ဦးအမှုကို အစိုးရက အကူအညီပေးဖို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု နောက်ဆုံးအခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့စဉ် ဦးထူးချစ်က ပြောတာဖြစ်ပါတယ်။

"လိပ်ကျွန်းကိစ္စ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်စုံတရာအားကောင်းတယ်၊ ရနောင်းလူသတ်မှုမှာ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေးကိုအားနည်းတယ်၊ ထိုင်းရှေ့နေတွေက အကူအညီတောင်းတဲ့ အလုပ်သမားသံအရာရှိ ဦးလှထွန်း ကို သက်သေအဖြစ် ပို့ပေးပါဆိုတာကို အစိုးရကငြင်းဆန်ခဲ့တယ်၊ ကျနော်တို့အနေနဲ့ အစိုးရကိုပြောခဲ့တာများပြီ၊ စာပေးခဲ့တာလည်းများပြီ အစိုးရကကိုယ့်လူထုနဲ့ ကိုယ့်အလုပ် သမားတွေကို စေတနာရှိရင်တော့ အစိုးရတရပ်အနေနဲ့ သူတို့ဟာသူတို့ လိုအပ်တယ်ထင်တဲ့ဟာကို ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ ပြောချင်ပါတယ်"

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူကို သတ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားတွေဖြစ်တဲ့ မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံးနဲ့ ဝေလင်းတို့ကို  ထိုင်းတရားသူကြီးက ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ကနေ ၈ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတဲ့ ကျော်စိုးဝင်းဆိုသူဟာ ၁၈ နှစ်မပြည့်သေးတာကြောင့် အမိန့်ချတဲ့နေ့မှာပဲ ထိုင်းဥပဒေအရ လွတ်မြောက်လာခဲ့ပါတယ်။ အမိန့်ချခံထားရသူတွေအတွက် အယူခံဆက်တင်မှာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ FEDအဖွဲ့ရဲ့ ထိုင်းရှေ့နေက ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအမှုမှာ အစိုးရက ကူညီပံ့ပိုးပေးတာ အားကောင်းပြီး ရနောင်းအမှုမှာ မရှိသလောက် အားနည်နေတယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့