ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေ အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီး ချုပ်ပြော

2017-07-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထားဝယ်မြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရ ရက် ၁ဝဝ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးချုုပ် ဒေါက်တာလဲ့လဲ့မော် ကို ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်
ထားဝယ်မြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရ ရက် ၁ဝဝ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးချုုပ် ဒေါက်တာလဲ့လဲ့မော် ကို ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: tanin tharyi regional grovement (facebook)

ကျောက်မီးသွေးသုံး ဓာတ်အားပေးလျှပ်စစ်စက်ရုံတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က မနေ့က ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရက ဖိအားပေးတာတွေရှိပေမယ့် သူတာဝန်ယူနေစဉ်ကာလအတွင်း လုပ်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မနေ့က ရှင်းလင်းပွဲပြု လုပ်ရာမှာ သတင်းသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းက ဒေသခံတွေက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို လက်မခံကြောင်း ဆန္ဒပြတာတွေရှိနေတဲ့အပြင် လျှပ်စစ်ရရှိဖို့အတွက် တခြားရင်းမြစ်တွေရှိနေတာကြောင့် မလုပ်တာဖြစ်တယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

လက်ရှိမှာတော့ ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တွေကို ကုမ္ပဏီတွေက သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အား ဖြန့်ပေးနေတာဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်း မရရှိသေးတဲ့ မြိတ်ခရိုင်နဲ့ ကော့သောင်း ခရိုင်တွေမှာတော့ ပုဂ္ဂလိက လျှပ်စစ်မီးနဲ့ တစ်ယူနစ်ကို ကျပ် ၄၀၀ ကနေ ၆၀၀ အထိပေးပြီး သုံးစွဲနေရတာဖြစ် ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့