ပြည်မြို့မှာ လေပြင်းမုန်တိုင်း တိုက်ခတ်

2013-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ (Image: RFA)
ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ (Image: RFA)
(Image: RFA)

ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့မှာ ဧပြီလ ၁၆ ရက် မနေ့ညနေပိုင်းက လေပြင်းမုန်တိုင်း ၂ ကြိမ် တိုက်ခတ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်နဲ့ စာသင်ကျောင်းတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်မြို့ နဝင်းမြောက်၊ ဖိုးခေါင်၊ ချောင်းနားတန်း၊ မာလကာကုန်း၊ ဘောဂ၊ နဝင်းအလယ်စတဲ့ ရပ်ကွက်တွေမှာ မုန်တိုင်းတိုက်ခတ်ခံရတာဖြစ်ပြီး၊ မနေ့က လေပြင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုဟာ အများဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။

လေဘေးဒုက္ခသည်တွေအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးအသင်းက ဆန်အိတ်တွေ ပေးပို့လှူဒါန်းနေတယ်လို့ဆိုပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးတာတွေရှိခဲ့ပေမယ့် သေဆုံးဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့