မြန်မာကို OIC အဖွဲ့ဝင် မွတ်ဆလင်နိုင်ငံတွေ ဖိအားပေး

2017-01-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
OIC ခေါ် အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေရဲ့အလံကို မကာမြို့ Abraj al-Bait အဆောက်အဦးအရှေ့မှာ တွေ့ရစဉ်
OIC ခေါ် အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေရဲ့အလံကို မကာမြို့ Abraj al-Bait အဆောက်အဦးအရှေ့မှာ တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ပေးဖို့ OIC ခေါ် အစ္စလမ် မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အခုအခါ ရခိုင်ပြည်နယ်ပြဿနာဟာ မြန်မာ့ပြည်တွင်းရေးမျှမကတော့ဘဲ၊ နိုင်ငံတကာ ပြဿနာအဆင့်ကို ရောက်ရှိ လာပြီဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနဲ့ ရဝမ်ဒါ နိုင်ငံတွေမှာဖြစ်ပွားခဲ့တဲ့ မျိုးဖြုတ်လူသတ်ပွဲမျိုးတွေ နောက်ထပ်မဖြစ်ပွား ရအောင်၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ တိုးပွားမလာရအောင် ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း OIC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆိုင်ယစ် ဟာမစ် အယ်လ်ဘာ က ပြောဆိုပါတယ်။

မလေးရှားအစိုးရရဲ့ အဆိုပြုချက်အရ ကွာလာလမ်ပူမြို့မှာ မနက်ဖြန်ကျင်းပမယ့် ရခိုင်ပြည်နယ်ပဋိပက္ခဆိုင်ရာ OIC အထူးစည်းဝေးပွဲမတိုင်ခင် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ မြန်မာအနေနဲ့ OIC အဖွဲ့ဝင်မဟုတ်တဲ့အတွက် အဲဒီစည်းဝေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း၊ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက နောက်ဆုံးကျင်းပခဲ့တဲ့ အစည်းဝေးပွဲမှာ ရခိုင်ပြဿနာမှာ ကုလသမဂ္ဂကြားဝင်ရင် ဒေသခံလူထုက မလိုလားဘဲ ဆန့်ကျင်တဲ့အဖြစ်နဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ အာဆီယံအဖွဲ့ဝင်တွေကို ရှင်းရှင်းလင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ရခိုင်ပဋိပက္ခအပေါ် ကျယ်ကျယ်ပြန့်ပြန့် နားလည်ပြီး အပြုသဘောနဲ့ ချဉ်းကပ်စေလိုကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

မလေးရှားမှာ မြန်မာအလုပ်သမားတွေကို သတ်နေတာ ကို လ ျစ်လ ျူ ရှု ပြီး ရိုဟင်ဂ ျာပြည်နယ်ရရေးကို ကြိုးစားနေကြတာ " တရား "တယ်ပေါ့။

Jan 19, 2017 08:59 PM

ဆိုက်တခုလုံးသို့