ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေ NLD ပါတီ မကွေးမှာ ပို့ချ

2015-04-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုင်ရာဥပဒေတွေကို သိရှိနိုင်ဖို့အတွက် မကွေးတိုင်းဒေသကြီး ခရိုင် ၅ ခုမှာ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD က သင်တန်းတွေ ပို့ချပေးနေပါတယ်။

ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို သိရှိခြင်းအားဖြင့် မဲမသာမှုတွေကို ဟန့်တားနိုင်အောင်အတွက် သင်တန်းတွေ ပို့ချရတာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

"နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲဖြစ်စဉ်မှာပါဝင်ဖို့ တာဝန်ရှိတာနဲ့အညီ ရွေးကောက်ပွဲ တစ်ခုဖြစ်တိုင်းဖြစ်တိုင်းလည်း ဒီဥပဒေနဲ့အညီ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို ကျင့်သုံးနိုင်ဖို့ ပယ်မဲကိစ္စနဲ့ပတ်သက်ပြီးတော့ မှတ်ချက်ပြုတာတွေ ရွေးကောက်ပွဲထဲမှာ မဲရုံမှူးရဲ့တာဝန်ဝတ္တရား ပတ်သက်တဲ့ကိစ္စမျိုးတွေ၊ ရွေးကောက်ပွဲရလဒ်အပေါ်မှာ တရားမဲ့ပြုကျင့်မှုတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြန်လည်ရုပ်သိမ်းခံရနိုင်တဲ့ ပြဿနာမျိုးတွေနဲ့ ပတ်သက်လာပြီးတော့ ကျနော်တို့ လွတ်လွတ်လပ်လပ်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ သင်တန်းတွေပေးတာပါ"

လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရွေးကောက်ပွဲဥပဒေ၊ မဲရေတွက်ခြင်းနဲ့ မဲရုံစောင့်ကြည့်လေ့လာရေး၊ မဲမသာမှုတွေနဲ့ ကိုယ်စားလှယ်ရွေးချယ်ရေး စတာတွေကို ဥပဒေပညာရှင်တွေက သင်ကြားပေးနေတာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး ခရိုင် ၅ ခုမှာ ပါဝင်နေတဲ့ မကွေး၊ မင်းဘူး၊ သရက်၊ ဂန့်ဂေါ်၊ ပခုက္ကူစတဲ့ ခရိုင် ၅ ခုထဲက မြို့နယ်၂၅ မြို့နယ်မှာ NLD ပါတီဝင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့