နမ္မတူမြို့နယ်မှာ ရွာသားတစ်ဦး မိုင်းနင်းမိ

2019-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နောင်ကန်ရွာဟောင်းအနီးမှာ မိုင်းနင်းမိခဲ့တဲ့ မန်စံရွာသား ဦးဆူရ်ဂျေးကို ၂ဝ၁၉ သြဂုတ် ၄ ရက်နေ့က လားရှိုးပြည်သူ့ဆေးရုံမှာ တွေ့ရစဉ်
နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နောင်ကန်ရွာဟောင်းအနီးမှာ မိုင်းနင်းမိခဲ့တဲ့ မန်စံရွာသား ဦးဆူရ်ဂျေးကို ၂ဝ၁၉ သြဂုတ် ၄ ရက်နေ့က လားရှိုးပြည်သူ့ဆေးရုံမှာ တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နောင်ကန်ရွာဟောင်းအနီးမှာ ဒီနေ့နေ့လယ် တစ်နာရီလောက်က တောင်ယာထဲသွားတဲ့ မန်စံရွာသားတစ်ဦး မိုင်းနင်းမိတာကြောင့် လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

မိုင်းနင်းမိသူဟာ အသက်သုံးဆယ်ကျော်အရွယ် ဦးဆူရ်ဂျေးဆိုသူဖြစ်ပြီး မန်စံကျေးရွာကနေ နှစ်မိုင်လောက်ဝေးတဲ့ နောင်ကန်ရွာဟောင်းက သူ့ရဲ့ဒညင်းသီးခြံကို ဆိုင်ကယ်နဲ့အသွား လမ်းမှာမိုင်းနင်းမိခဲ့တာလို့ဆေးရုံမှာ ဆေးကုသ မှုခံယူနေတဲ့ ကိုဆူရ်ဂျေးက ပြောပါတယ်။

မိုင်းထိတာကြောင့် ဆိုင်ကယ်ပျက်စီးသွားသလို ခြေထောက်နဲ့ လက်တွေမှာ မိုင်းစထိမှန်ခဲ့ပါတယ်။ အနီးနားတောင် ယာတဲက ရွာသားတွေအကူအညီနဲ့ မန်စံတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး အဲဒီကနေတဆင့် လားရှိုးပြည် သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတာလို့ ကူညီပေးသူတွေက ပြောပါတယ်။ အခုမိုင်းထိခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက တပ်မတော်နဲ့ တအာင်းအမျိုးသားတပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီး တဝိုက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် ဧပြီလတုန်းကလည်း အဲဒီကျေးရွာဟောင်းအနီး မိုင်းကွဲမှုဖြစ်စဉ်ကြောင့် နွားရှစ်ကောင် သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ နမ္မတူမြို့နယ် မန်စံ၊ ပန်လုံ စတဲ့ကျေးရွာတဝိုက်မှာ အခုလို မိုင်းပေါက်ကွဲတာတွေ မကြာခဏဖြစ်နေတာကြောင့် တောင်ယာစိုက်ပျိုးသူ မရှိသလောက်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့