မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့

2013-12-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်နဝါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လွှတ်လပ်မှုရှိတာကတော့ ကောင်းပါရဲ့ ဒါပေမဲ့ စည်းကမ်းရှိဖို့
တော့လိုလိမ့်မယ်

Jan 18, 2014 08:46 AM

win

နေရပ်- Thailand

ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ
It's was wrong...Ordinary passport ...not a Ordinary visa.

Jan 01, 2014 09:48 PM

ဆိုက်တခုလုံးသို့