မလေးရှား ရိက္ခာသင်္ဘောအုပ်စုကို ရန်ကုန်မှာလက်ခံဖို့ မြန်မာ သဘောတူ

2017-01-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှား Nautical Aliya သင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
မလေးရှား Nautical Aliya သင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: YAMPP FB

စားနပ်ရိက္ခာတွေ တင်ဆောင်ပြီး မလေးရှားနိုင်ငံကနေ ထွက်ခွာလာမယ့် သင်္ဘောအုပ်စုကို မြန်မာအစိုးရက လက်ခံဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် ရိက္ခာတွေ ကူညီထောက်ပံ့မယ့် အဲဒီသင်္ဘောအုပ်စု ဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ခရီးစဉ်စတင်မယ်လို့ မလေးရှား မွတ်ဆလင် အန်ဂျီအိုအဖွဲ့တွေက ပြောထားပါတယ်။

မြန်မာအစိုးရအနေနဲ့ မလေးရှားသင်္ဘောအုပ်စုကို နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေအရ ရခိုင်ပြည်နယ်ကို သွားရောက်ထောက်ပံ့ခွင့်ပြုမှာ မဟုတ်ပေမယ့် ရန်ကုန်ဆိပ်ကမ်းမှာပဲ ရိက္ခာတွေချထားခွင့်ပေးဖို့ နှုတ်အားဖြင့် သဘောတူညီလိုက်တာလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က ပြောကြားလိုက်တာပါ။

အဲဒီသင်္ဘောပေါ်မှာ စားနပ်ရိက္ခာ တန်ချိန် ၁၀၀၀ တင်ဆောင်လာမယ်လို့လည်း မလေးရှား မွတ်ဆလင် အဖွဲ့အစည်းတွေက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့