မန္တလေးတက္ကသိုလ်မှာ ကျောင်းသားတွေဆန္ဒပြ

2019-09-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တင်ဒါခေါ်ယူခြင်းမရှိဘဲ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်တွေ တည်ဆောက်ထားတာကို စီစစ်အရေးယူပေးဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းရှေ့မှာ ၂၀၁၉၊ စက်တင်ဘာ ၂ ရက်နေ့က ဆန္ဒပြကြစဉ်
တင်ဒါခေါ်ယူခြင်းမရှိဘဲ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်တွေ တည်ဆောက်ထားတာကို စီစစ်အရေးယူပေးဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းရှေ့မှာ ၂၀၁၉၊ စက်တင်ဘာ ၂ ရက်နေ့က ဆန္ဒပြကြစဉ်
ဓါတ်ပုံ - ခေမဏီဝင်း/ RFA

မန္တလေးတက္ကသိုလ်ကျောင်းထဲမှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ စည်းကမ်းနဲ့မညီ တည်ဆောက်ထားတဲ့ အစားအသောက် ရောင်းချတဲ့ဆိုင်တွေ တည်ဆောက်ထားတာကို စီစစ်အရေးယူပေးဖို့အတွက် မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းရှေ့မှာ ဆန္ဒပြကြပါတယ်။

မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာနရဲ့ ဘက်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အယုံအကြည်မရှိ၊ မန်းလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ် ကျိုးရှာမှု အလိုမရှိ၊ နိုင်ငံတော် သမ္မတ ညွန်ကြားချက်နဲ့ တည်ဆဲဥပဒေကို ဖောက်ဖျက်လုပ်ဆောင် သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်း ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာချပြရေး ဆိုတဲ့ အချက်တွေကို တောင်းဆိုကြပါတယ်။

ဆန္ဒပြတာနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက္ခ ဒေါက်တာ တင်ထွန်းအောင် ကို မေးမြန်းရာမှာ ၀န်ကြီးဌာနရဲ့ ညွန်ကြာချက်ကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့တော့ ပြောပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့