ရန်ကုန်ဆိပ်ကမ်းသို့ ထွက်ခွာမည့် မလေးရှားသင်္ဘော ကုန်တန်ချိန် ၂၃၀၀ ခန့် ရရှိ

2017-02-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှား Nautical Aliya သင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
မလေးရှား Nautical Aliya သင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: YAMPP FB

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် မလေးရှားနိုင်ငံကနေ ရိက္ခာ၊ ဆေးဝါးနဲ့ တခြားကူညီထောက်ပံ့ရေး ပစ္စည်းတွေ သွားရောက်ပေးပို့မယ့် သင်္ဘောဟာ အခုဆိုရင် ပစ္စည်းတန်ချိန် ၂၃၀၀ လောက် ရရှိပြီလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မူလက လူသားချင်းစာနာရေး အကူအညီ တန်ချိန် ၁၀၀၀ ရရှိဖို့ မျှော်မှန်းခဲ့တာပါ။

ရာသီဥတုအပေါ်မူတည်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီလ ၈ ရက် သို့မဟုတ် ၉ ရက်နေ့မှာ ရောက်ရှိမယ် လို့ မျှော်လင့်ရကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှာ ကုန်တွေချဖို့ ၈ နာရီလောက်ကြာမှာဖြစ်ပြီး၊ ကုန်ချပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်း အစီအစဉ် ဦးဆောင်သူက ပြောပါတယ်။

အဲဒီသင်္ဘောမှာ စေတနာ့ဝန်ထမ်း ၂၃၀ နဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းဝင်တွေလည်း လိုက်ပါလာကြမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်မှာ မလေးရှား၊ ပြင်သစ်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့