OIC က ရခိုင်ပြည်နယ်ကို လေ့လာရေးအဖွဲ့ စေလွှတ်လို

2017-01-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က တက်ရောက်လာသူတွေကို တွေ့ရစဉ်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က တက်ရောက်လာသူတွေကို တွေ့ရစဉ်
Photo: Organisation of Islamic Cooperation (OIC)

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC (Organization of Islamic Cooperation) က ရခိုင်ပြည် နယ် မြောက်ပိုင်းဒေသကို သွားရောက်လေ့လာဖို့ ထိပ်တန်းကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်ရေးအတွက် မနေ့က သဘောတူဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအဖွဲ့ကိုလက်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းမယ်လို့လည်း ဆိုပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ ခုလိုသဘောတူခဲ့တာဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ အမန် ကပြောပါတယ်။

အဲဒီလို သွားရောက်ကြည့်ရှုခြင်းအားဖြင့် မောင်တောဒေသမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ တကယ်ရှိခဲ့သလား၊ ဒါမှမဟုတ် ကောလာဟလတွေပဲလားဆိုတာ အသေအချာ သိရမှာဖြစ်တဲ့အတွက် ဒါဟာ မြန်မာအစိုးရအတွက် လည်း ကောင်းပါတယ်လို့ သူကပြောပါတယ်။

မနေ့က ကျင်းပတဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲအပြီး OIC ရဲ့ ထုတ်ပြန်ချက်မှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရခိုင်ပြည် နယ်က အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း၊ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာ စေလိုကြောင်း၊ ရိုဟင်ဂျာတွေကို ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ် လက်ခံစေ လိုကြောင်းများအပြင် ရခိုင်ဒေသခံ အသိုင်းအဝန်းအတွင်း လူမျိုးဘာသာမတူသူတွေ အဆင်ပြေစွာနေထိုင်ကြပြီး ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် မြန်မာအစိုးရအနေနဲ့ တတ်စွမ်းသမျှ ဆောင်ရွက်စေလိုကြောင်း စသဖြင့်ဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာရီလာ အလင်န် ကလည်း သူတို့နိုင်ငံ ကို ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ပြန်လည်ခေါ်ယူစေလိုကြောင်း မနေ့က ပြောကြား ပါတယ်။ အဲဒီ မွတ်စလင်တွေ လူ့အခွင့်အရေး ရရှိရေးအတွက်  OIC အနေနဲ့ ရေရှည်စီမံကိန်းတွေ ချမှတ် လုပ်ဆောင်စေလိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့