မဘသ ညီလာခံ မကြာမီ အင်းစိန်မြို့နယ်မှာ ကျင်းပမည်

2015-06-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ညီလာခံကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ်က အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပမယ်လို့ သိရပြီး သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို ဖိတ်ကြား ထားတယ်လို့ မဘသ(ဗဟို) ဦးဆောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

သီတဂူဆရာတော်ကို မဘသ(ဗဟို) အဖွဲ့ရဲ့ ဒုတိယဥက္ကဌအနေနဲ့ ဖိတ်ကြား ထားတယ်လို့ မဘသ (ဗဟို) ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

"ဆရာတော် အရှင်ဉာဏိဿရကို ဘုန်းကြီးတို့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ ကနေပြီးတော့ ဖိတ်ကြားထားပါတယ်၊ ဘုန်းကြီးတို့ ဒုဥက္ကဌအနေနဲ့ ဖိတ်ကြား ထားတာပါ၊ ဆရာတော်အနေနဲ့ကတော့ ဒုဥက္ကဌအနေနဲ့ဖြစ်ဖြစ်၊ ဧည့်သည်တော်အနေနဲ့ ဖြစ်ဖြစ်၊ အစည်းအဝေးကိုတက်ဖို့ အဓိက ပါပဲ၊ နိုင်ငံခြားခရီးစဉ်မရှိဘူး၊ ကျန်းမာရေး လည်းကောင်းတယ်ဆိုရင် တက်မယ်လို့ပြောထားပါတယ်"

အဲ့ဒီညီလာခံမှာ ဘာသာခြားတွေနဲ့ ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်ဘဲ အေးချမ်းစွာဖြေရှင်းရေး၊ ပဋိပက္ခတွေ ဖြစ်လာမယ်ဆိုရင် မဘသ အဖွဲ့က တရားဥပဒေ စိုးမိုးမှုရှိရေးအတွက် ဦးဆောင်ဖြေရှင်းရေး၊ မျိုးစောင့်ဥပဒေ ၄ ခုကို လွှတ်တော်က အတည်ပြုပြီးတဲ့အခါ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေးကို စောင့်ကြည့်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
Share

လြယ္ပါတယ္

နေရပ်- မခက္ဘူး

ဘာသာရေးပဋိပက္ခမဖြစ်အောင် ဝီရသူနဲ့ နောက်လိုက်တွေကို မဘသ ကနေ ထုတ်ပစ်လိုက်ပါ။

Jun 15, 2015 09:37 PM

ြGood for Nobody

မွတ်ညီလာခံကိုတော့ ခွင့်မပြု ပဲ ၊ မဘသ ညီလာခံကို ခွင့်ပြုတာဟာ “ဆွ”နေသလို ဖြစ်နေပါတယ်။
မွတ်ကို ထောက်ခံလို့ မဟုတ်သလို ၊ မဘသ ကို ကန့်ကွက်ခ ျင်လို့ မဟုတ်ပါ။ (စဉ်းစားဖို့ပါ၊ ပြည်သူတွေ မြေဇာပင်ဖြစ်ရလွန်းလို့ပါ။)

Jun 15, 2015 09:34 PM

မြွေမှန်ရင်

နရေပျ- တွင်းဝင် ဖြောင့်ရမှာပါ့

သီတဂူဆရာတော ်ရဲ့ “ဝိတ်”နဲ့ မဘသ အသက်သွင်းမလို့ပေါ့။

Jun 15, 2015 02:32 AM

ဆိုက်တခုလုံးသို့