RFA သတင်းထောက် ကိုကံသာ David Burke ဆုရရှိ

2018-12-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
RFA မြန်မာဌာနက လားရှိုး အခြေစိုက် သတင်းထောက် ကိုကံသာ ကို တွေ့ရစဉ်
RFA မြန်မာဌာနက လားရှိုး အခြေစိုက် သတင်းထောက် ကိုကံသာ ကို တွေ့ရစဉ်
Photo: Thant Zin Hlaing

အမေရိကန်အစိုးရရဲ့ “အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာသတင်းမီဒီယာများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (USAGM)” က စွမ်းဆောင်ရည်ရှိတဲ့ သတင်းထောက်တွေကို ချီးမြှင့်တဲ့ David Burke ဂုဏ်ပြုဆုကို RFA မြန်မာဌာနက လားရှိုး အခြေစိုက် သတင်းထောက် ကိုကံသာ ကို ဒီနှစ်အတွက် ရွေးချယ်ဆုချီးမြှင့်လိုက်ပါတယ်။

USAGM အဖွဲ့ဟာ ထူးချွန်တဲ့ သတင်းထောက်တွေကို ရွေးချယ်ပြီး နှစ်စဉ် ဆုချီးမြှင့်နေရာမှာ ဒီနှစ်အတွက် RFA သတင်းဌာနက ကိုကံသာ အပါအဝင် VOA တူရကီဘာသာ သတင်းဌာန၊ လွတ်လပ်တဲ့ ဥရောပအသံ RFE သတင်းဌာနက ကွယ်လွန်သွားတဲ့ ကာဂျစ်စတန် နိုင်ငံသား သတင်းထောက်တစ်ဦး၊ အရှေ့အလယ်ပိုင်း အသံလွှင့် ကွန်ရက်က သတင်းထောက်တစ်ဦးနဲ့ ကျူးဘား အသံလွှင့်ဌာနက သတင်းထောက် တစ်ဦး တို့ကိုလည်း ဆုချီးမြှင့်လိုက်တာပါ။

ဆုရရှိသူတွေကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဆုချီးမြှင့်မယ်လို့ သိရပါတယ်။

RFA သတင်းဌာန မြန်မာပိုင်းဟာ ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှု သတင်းတွေကို အချိန်နဲ့ တပြေးညီ ရယူတင်ပြခဲ့မှုကြောင့် David Burke ဆုကို ၂၀ဝ၈ ခုနှစ်က တစ်ကြိမ်ရရှိခဲ့သလို ရခိုင်ပြည်နယ် ပဋိပက္ခ သတင်းတွေ ကို ရယူတင်ပြခဲ့တာကြောင့် RFA မြန်မာဌာနက သတင်းထောက် ကိုမိုးသူအောင် လည်း ၂၀၁၄ ခုနှစ်မှာ David Burke ဆု ရရှိခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

ကိုကို

မြန်မာ အတွက် ဂုဏ်ယူပါတယ်

Dec 01, 2018 03:25 PM

ဆိုက်တခုလုံးသို့