တောင်ဥက္ကလာပ တပ်ပိုင်နေရာမှာ နေထိုင်သူတွေကို ဖယ်ရှား

2019-06-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့်က တပ်မြို့စည်ပင်ပိုင် တပ်မတော်မြေနေရာကို ၂၀၁၉၊ ဇွန် ၁ ရက်နေ့က ဖယ်ရှားစဉ်
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့်က တပ်မြို့စည်ပင်ပိုင် တပ်မတော်မြေနေရာကို ၂၀၁၉၊ ဇွန် ၁ ရက်နေ့က ဖယ်ရှားစဉ်
Photo: Htet Arkar/ RFA

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့်က တပ်မြို့စည်ပင်ပိုင် တပ်မတော်မြေနေရာမှာ ဆောက်လုပ်ထားတဲ့စက်ရုံ နှစ်ရုံ နဲ့ ဆိုင်ခန်း ၁၃ ခန်းကို ဒီကနေ့ မနက်ကစပြီး အင်အားသုံး ဖယ်ရှားခိုင်းခဲ့ပါတယ်။

ဒီနေ့ မနက် ၇ နာရီကျော်စပြီး တပ်မြို့စည်ပင်အဖွဲ့က အင်အား ၆၀၀ ကျော်နဲ့ ဝင်ရောက် ဖျက်သိမ်း ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာမှာ နေထိုင်သူတွေကို ၂၀၁၆ ခုနှစ်ထဲက ဖယ်ရှားခိုင်းခဲ့တာဖြစ်ြပီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် ၂၀၁၉ ခုနှစ်အထိ ဆက်လက်နေထိုင်ခွင့်ပြုခဲ့တာလို့ အာဏာပိုင်အဖွဲ့တွေက ပြောပါတယ်။

နေရာကနေ ဖယ်ရှားပေးခဲ့ရသူတွေကတော့ သူတို့ဟာ ၂၀၀၀ ပြည့်နှစ်လောက်ထဲက ဝယ်ယူနေထိုင်ခဲ့တဲ့သူတွေဖြစ်ပြီး အစားထိုးမြေနေရာ ဒါမှမဟုတ် လျော်ကြေး တစ်စုံတရာ ရရှိလိုကြောင်း ပြောကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မြို့စည်ပင်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့