အပစ်ရပ်စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင် ဆန်းစုကြည် သတိပေး

2015-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းနေစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းနေစဉ်
Photo: RFA

အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌရဲ့ စစ်ရေး၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူး စောထူးထူးလေး ခေါင်းဆောင် တဲ့အဖွဲ့နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာလို့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကို အလောသုံးဆယ် လုပ်သင့်၊ မလုပ်သင့် စဉ်းစားကြဖို့ပြောတာပါ"

ဒီအတောအတွင်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ က ခေါင်းဆောင်တွေ တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေး မယ့် နေ့ရက်အတိအကျကို သဘောတူညီမူ မရသေးဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

အစိုးရဘက်က ဒီလ ၂၈ ရက်နေ့မှာ တွေ့ဆုံဖို့ အကြောင်းကြားထားပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေက လာမယ့်စက်တင်ဘာလအတွင်း တွေ့ဆုံဖို့ ပြောတာကြောင့် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"၂၈ ရက်ကို ထပ်ဖိတ်တဲ့အခါမှာတော့ ခေါင်းဆောင်တွေကထပ်ရွှေ့ပေးပါလို့ ပြောတဲ့အခါကျတော့ ဝန်ကြီး အနေနဲ့ကတော့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်၊ တွေ့ဆုံဖို့က အစိုးရဘက်က ပြင်ဆင်နေပေမယ့် တိုင်းရင်း သားတွေဘက်က မလာနိုင်သေးတဲ့ ရက်ဖြစ်နေတော့ အခုချိန်ထိ ညှိနှိုင်းနေဆဲပါပဲ၊ တွေ့ဖို့တော့ ဝန်ကြီးဘက်က သဘောတူပြီးတော့ ပြင်ဆင်နေတာဖြစ်ပါတယ်"

ဒီတစ်ကြိမ် နေပြည်တော်မှာ တွေ့ဆုံမယ့်ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘယ်နှစ်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားခေါင်းတွေ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့တောင်း ဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို စက်တင်ဘာလဆန်းပိုင်းမှာ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို သြဂုတ်လ ၁၁ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြား စာ ပေးပို့ခဲ့ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံး ၊ KNU/KNLA-PC ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ ၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ DKBA ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်နဲ့ ABSDF ကျောင်းသားတပ်မတော်တို့ကတော့ အစိုးရဘက်က တောင်းဆိုထားတဲ့ အတိုင်း လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူကြောင်း ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (8)
Share

အမည်မဖော်လိုသူ

အစိုးရအနေနဲ့ အမှန်တကယ် စိတ်စေတနာကောင်းရှိမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့ မည့်သည့်အဖွဲ့ကမှ မကျန်ခဲ့စေပဲ တညီတညွတ်ထဲ လက်မှတ်ထိုးသင့်ပါတယ် တိုင်ရင်းသားအဖွဲများကလည်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အဖွဲ့အားလုံးပါဝင်ရေးမူကို အသေဆုတ်ကိုင်ထားသင့်ပါတယ် ဒါမှလဲ နောက်လာမဲ့ ဖယ်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံးအနှစ်သာရရှိပါလိမ့်မယ် အခုကတည်းက တယောက်တမျိုးဖြစ်နေကြရင် အစိုးရလှည့်ကွက်ထဲ တပ်မတော်ရဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေ မလွှဲမသွေကြုံတွေလာပါလိမ့်မယ် အလျင်မလိုသင့်ပါဘူး နှစ်ပေါင်းများစွာမညီညွတ်မှုတွေကို အဆုံးသက်သင့်ပါပြီ အားလုံးပါဝင်ဖို့ အစိုးရကို ဖိအားပေးပြီးမှ နောက်တဆင့်ကိုဆောင်ရွက်သင့်ပါတယ်

Aug 29, 2015 07:37 AM

အမည်မဖော်လိုသူ

အဲဒါမှန်တယ်။

Aug 31, 2015 08:23 AM

ဦးစိန်​၀င်း

ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအထောက်ပံဖြစ်စေတဲ့ ရင်ကြားစေ့စကားကိုပိုပြောသင့်တာ။အခုလိုမပြောသင့်ဖူး။

Aug 26, 2015 08:31 PM

အမည်မဖော်လိုသူ

awww awwwww awwww
dar laa? NOBLE su shin so tar

Aug 26, 2015 02:13 PM

ပေါင်​ချိန်

တဦးနဲ့တဦး သံသယဖြစ်စေမဲ့ အထင်မြင်လွဲစေမဲ့စကားတွေအစား ညီညွတ်ရေးစကား ချစ်ကြည်ရေးစကားတွေပြောဖို့သင့်ကြပီ။

Aug 26, 2015 11:54 AM

ဦးဝင်းတင်

အဲဒီလိုသာပြောခဲ့ရင် ဒီအပါတ်မှာNLDကိုမဲထည့်မဲ့စိတ်ကူး ကိုဖျက်ရတော့မယ်။အစိုးရကိုမကြိုက်ပေမဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့လုပ်ရပ်ကိုတော့သဘောကျတယ်။ ဒါဟာတိုင်းပြည်တိုးတက်ရေးရဲ့ပင်မအရေးကြီတဲ့အရာဖြစ်လို့ပဲ။တိုင်းပြည်အေးချမ်းတာမြင်ခြင်ပီ။

Aug 26, 2015 11:24 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့