အပစ်ရပ်စာချုပ်မူကြမ်းပျက်သွားမှာ စိုးရိမ်ကြောင်း ဝန်ကြီး ဦးအောင်မင်း ပြောကြား

2015-08-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကို တွေ့ရစဉ်
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကို တွေ့ရစဉ်
Photo: RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေးဆိုတဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုထားတဲ့မူကြောင့် ၂ နှစ်နီးပါးကြာ ဆွေးနွေးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း ပျက်သွားမှာကို စိုးရိမ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ပြန်လည်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့တာပါ။

"အစိုးရဘက်က တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ SD ကတင်ပြတဲ့ အားလုံးပါဝင်ရေးဆိုတဲ့ကိစ္စကို ချင်းမိုင်မှာ အဆိုညှိနှိုင်းချက်ကို နည်းလမ်းချပြီးရှေ့ဆက်သွားဖို့ဆန္ဒရှိပါတယ်၊ ဒီကိစ္စတစ်ခုတည်းနဲ့ ကျနော်တို့ကြား ၂ နှစ်နီးပါး ကြိုးစားခဲ့တဲ့အားထုတ်မှုတွေ အလဟသဖြစ်သွားမှာကို စိုးရိမ်ပါတယ်၊ SD ဘက်က ခေါင်းဆောင်များ ကလည်း ကျနော်တို့နည်းတူ သဘောထားရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ လက်တကမ်းက ငြိမ်းချမ်းရေး အခွင့်အရေးကို အမိအရဆုပ်ကိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခကို အဓိကဖြေရှင်းရမယ့် အခင်းအကျင်းက နိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်ပါတယ်"

တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲတွေရဲ့ အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေက အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ဖို့ လိုအပ်ကြောင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးပြီးနောက် တိုက် ပွဲတွေဖြစ်နေမှာကို မလိုလားဘူးလို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကို လက်ခံမှသာ လက်မှတ်ရေးထိုးနိုင်မယ်လို့ ခေါင်းဆောင်တွေက ဆုံးဖြတ်ထားကြပါတယ်။

ဒီနေ့သဘောတူတဲ့အချက်တွေက အပစ်ရပ်စာချုပ်မှာ ဘယ်သူတွေလက်မှတ်ရေးထိုးမလဲဆိုတဲ့အချက်ကို အစိုးရဘက်က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေ ပါဝင်ရေးထိုးမှာဖြစ်ပြီး တိုင်းရင်းသားတွေဘက်က ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ စစ်ဦးစီးချုပ်တွေ ပါဝင်လက်မှတ်ရေးထိုးမယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အသိသက်သေတွေပါဝင်ရေးကိစ္စမှာ ပြည်တွင်းသက်သေတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခွင့်ကို နှစ်ဖက်စလုံးက သဘောတူညီပြီး နိုင်ငံ တကာ အသိသက်တွေအဖြစ် ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အမေရိကန်၊ ဗြိတိန်၊ နော်ဝေနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်ခွင့်ကို တိုင်းရင်းသားတွေဘက်က သဘောတူပေမယ့် အစိုးရဘက်ကတော့ ခေါင်းဆောင်တွေ နဲ့ ပြန်လည်ဆွေးနွေးဦးမှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နောက်အချက်တချက်ဖြစ်တဲ့ တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီမံကိန်းတွေ ဆောင်ရွက်မယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူတွေရဲ့ သဘောတူညီမှုယူဖို့အချက်ကိုလည်း နှစ်ဘက် သဘောတူညီခဲ့ကြပြီး လက်မှတ်ရေးထိုးတဲ့အခါ ဘယ်အဖွဲ့တွေပါဝင်မလဲဆိုတဲ့ အချက်ကို မနက်ဖြန် ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

ပေါင်​ချိန်

ငြိမ်းချမ်းရေးရ အားလုံးညီညွတ် တိုင်းပြည်ဖွံဖြိ ုးတိုးတက် တခုတည်းသောခေတ်မှီမြန်မာ့တပ်မတော်အဖြစ် နိုင်ငံတကာမှာရင်ဘောင်တန်းနိုင်
ဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးဘဝက လွတ်မြောပ်တဲပြည်ထောင်စုမြန်မာနိုင်ငံကြီးကိုမြင်ခြင်လိုက်တာ

Aug 07, 2015 05:04 AM

အမှန်​မြင်​ပြည်​သူ

အစိုးရက ဘိန်းအဖွဲ့အပါဝင်အဖွဲ့၃ဖွဲ့မှလွဲပီး ကျန်တာကို အဆင်ပြေအောင်ညှိမှာပါ၊ တိုင်းရင်းသားဘက်ကလည်း လျော့သင့်တာလျော့ပီး ယင်း၃ဖွဲ့အားသီးခြားအနေဖြင့် ထားလိုက်ပါ ။

Aug 07, 2015 12:25 AM

စိုင်းထွန်း​ကျော်

နရေပျ- ​တောင်​ကြီး

အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြင်တာသုံးသပ်ရရင် တိုင်းရင်း သားအဖွဲ အချို မှ အသာစီးရအောင်လုပ်နေပီး All inclusiveness ဆိုသည့်အကြောင်းပြချက်ဖြင့် အစိုးရအား ၂ကြိမ်တိုင်၂ ယုံကြည်မှုချိုးဖောက်သည့် ဘိန်းရာဇာ ဖုန်ကြားရှင်အဖွဲ့အတွက် တိုက်ပွဲ ဝင်နေသည့်ဆွေးနွေးပွဲ နှင့်တူနေပါသည်။ယင်းသို့ဆိုပါက ဘိန်းလုပ်နေခြင်းအား ပြုလုပ်နေသည့်အဖွဲ့တရားဝင်အားပေးထောက်ခံသည့်သဘောဖြစ်နေပါသည်။ ခေါင်းစဉ်မတူ၍ သီးခြားဆွေးနွေးရပါမည်။ရိုးသားသောဆွေးနွေးပွဲဖြစ်စေခြင်ပါသည်။

Aug 06, 2015 10:22 PM

ဘယ္​သူအာမခံရဲလဲ

မှန်ပါတယ် ယုံကြည်မူ ကတိကို အကြိမ်၂ချိုးဖောက်တဲ့ ဘိန်းဖုန်းကြားရှင် ကို နောက်တခေါက် ကတိတွေမချိုးဖောက်ပါဖူးလို့ ဘယ်တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်က အသက်ကို လောင်းကြေးထပ်ပီး အာမခံကတိပေးရဲလဲ။

Aug 08, 2015 06:08 AM

စိတ်​တူကိုယ်​တူနဲ့ပဲလက်​တွဲပါ

ကိုစိုင်းထွန်းကျော်သုံးသပ်တာဖြစ်နိုင်ပါတယ် အခုက ဘိန်း ရာဇာ ဖုန်းကြားရှင်အတွက် အားလုံးပါဝင်ရေးခေါင်းစဉ်တတ်ပီး စိတ်ရောကိုယ်ပါ ကြိုးစားနေတဲ့ ပုံစံဖြစ်နေပါတယ်။ သူမပါရင် လက်မှတ်မထိုးဖူးဆိုတော့ တကယ်ရိုးသားစွာ ငြိမ်း ချမ်းရေးအတွက် ထိုးမဲ့အဖွဲ့ ထိုးပီးတဲ့အဖွဲ့နဲ့ပဲဆက်လုပ်သင့်ပါတယ်။တဖွဲ့နဲ့တဖွဲ့ကရည်ရွယ်ချက်မတူပါဖူး

Aug 08, 2015 06:14 AM

ပြည်​​ထောင်​စုသား

တရုပ်ကျောထောက်နောက်ခံပြုထားတဲ့ ဘိန်းရာဇာဖုန်းကြား ရှင်နဲ့အဖွဲ့ကို ပါမှ လက်မှတ်ရေးထိုးမယ်ဆိုတဲ့တိုင်းရင်းငးအဖွဲ့ရဲ့ရပ်တည်ချက်က စဉ်းစားစရာဖြစ်နေပါတယ်
အားလုံးပါဝင်ရမယ် ညီအကိုချင်းသစ်စာမဖောက်ခြင်ဖူးဆိုတာ အကြောင်းပြချက်တွေပါ။ ပြည်သူတဦးအနေနဲ့လုံးဝလက်မခံနိုင်ပါ။

Aug 06, 2015 08:52 PM

ဆိုက်တခုလုံးသို့