စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း

2016-07-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှုလှုပ်ရှားမှု အဖွဲ့က စောင့်ရှောက်ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက်အတွက် တရားဝင်နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံမဲ့သူများဆိုင်ရာ NHRC ဆပ်ကော်မတီဥက္ကဌနဲ့ အဖွဲ့ဟာ မဲဆောက် မြို့နယ်မှာ  SAW အဖွဲ့ကဖွင့်လှစ်ထားတဲ့ရိပ်သာကို အလည်အပတ်သွားပြီးနောက်မှာ အဲ့ဒီလိုတိုက်တွန်းလိုက်တာပါ။

တရားဝင်နေထိုင်ခွင့်မရှိကြတဲ့ ဒီကလေးတွေအတွက် လူထုရဲ့အကူအညီကို SAW က မတောင်းခံနိုင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒီကလေးတွေကို ချက်ချင်းအကူအညီပေးပါလို့ Mr. Surapol က တိုက်တွန်းပါတယ်။

SAW ဟာ နာမကျန်းဖြစ်နေတဲ့ အမျိုုးသမီးတွေကိုလည်း ကူညီစောင့်ရှောက်ထားတဲ့အတွက် ဒီအဖွဲ့ကို ကူညီထောက်ပံ့နိုင်အောင် ဖောင်ဒေးရှင်းတစ်ခုထူထောင်ဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။

ကွန်မင့်များ (1)
Share

သဘမ

နေရပ်- ( = သေဘာမွန္ )

" စွန့်ပယ်ခံ " ဆိုတာ ဘာကို ဆိုလိုပါသလဲ။
" မြန်မာကလေး "လို့ ပြောနိုင်ရင် မြန်မာအစိုးရမှာ တာဝန်အပြည့်အ၀ ရှိနေပါတယ်။
(" သားသား ရေငတ်လိ့ုပါ " လို့ မြန်မာလိုပြောပြီး
ရေတောင်းတဲ့ ကလေးကို မြန်မာနိုင်ငံကူးမှတ်ပုံတင် မပြနိုင်လို့ ရေမပေးသလို ဖြစ်မနေဘူးလားဗ ျာ )

Jul 31, 2016 09:42 PM

ဆိုက်တခုလုံးသို့