ရန်ကုန်မြို့က ဂျူးသမိုင်း

2019-09-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံကို အီရတ်နိုင်ငံကနေ ပြောင်းရွှေ့အခြေချခဲ့တဲ့ ဂျူးလူမျိုး ၃၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ သူတို့တွေဟာ ၁၉၄၂ ဒုတိယကမ္ဘာစစ် ဂျပန်တပ်တွေ မြန်မာပြည်ဝင်လာချိန်နဲ့ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်ပြီးအချိန်ကာလတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကြောင့် မြန်မာနိုင်ငံကနေ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေကို ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။ ရန်ကုန်မြို့တွင်း ဂျူးလူမျိုးတွေနေထိုင်ခဲ့ရာနေရာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကတော့ သမိုင်းဝင်ကျန်ရှိနေပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

ရိုက်ကူး- အောင်သိင်္ခ/ ကျော်ထွန်းနိုင်

ကွန်မင့်များ (1)
Share

Andrew Sway

နေရပ်- Florida, USA

ဂျုး လူမျိုး လို့ သုံးတာ ဘာသာ နဲ့ လူမျိုး လေနဲ့ ဝမ်း မကွဲ တဲ့ အသုံးဖြစ်တယ်။ ဂျုးဘာသာဝင် သို့ မဟုတ် ဂျုးလူမျိုး စု လို့ သာ သုံးသင့်တယ်။ ခရစ်ယန်လူမျိုး မွတ်စလင် လူမျိုး ဟိန္ဒူ လူမျိုး ဆိုတာ မရှိသလို ဂျုး လူမျိုး လည်း မရှိဘူး။ ဒီနေ့ ဂျုး ဘာသာကိုးကွယ်လို့  ဂျုး ဖြစ်ပေမဲ့ နောက်နေ့ ခရစ်ယန်ဘာသာ ပြောင်းကိုးကွယ်ရင် ဂျုး လို့ မခေါ်နိုင်တော့ ဘူး။
တရုတ်ပြည်မှာ ဂျုးဘာသာကိုးကွယ်တဲ့ ဖန်ဂါဇီ ဂျုး ဆိုတာ ရှိသလို အာဖရိကမှာလည်း အီသီယိုပီယမ်း ဂျုး ရှိပါတယ်။ ဒီလောက်ဆို ဂျူးလူမျိုးဆိုတဲ့အသုံး မှားယွင်းမှု အား မြင်လောက်ပြီထင်ပါတယ်။

မြန်မာပြည်မှာ တချိန်က ဘဂ္ဂဒါဒီ ဂျုး နဲ့ ဘာနီအစ္စရေးဂျုး ဆိုပြီး အသိုင်းအ၀ိုင်း၂ခု ရှိခဲ့ တယ်။ အခုသတင်းမှာပြောသွားတာ ဘဂ္ဂဒါဒီ ဂျုး တွေ အကြောင်းဖြစ်တယ်။ ဘဂ္ဂဒါဒီ ဂျုး များ မှ ယနေ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသူ မြန်မာနိုင်ငံသား အများအပြားရှိပါတယ်။

Sep 03, 2019 10:59 AM

ဆိုက်တခုလုံးသို့