ဆောမြို့နယ် ကျောက်မီးသွေးတွင်းပေါက်ကွဲမှု

2018-09-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းကျေးရွာ အနီးမှာ “ထွန်းရာဇာ” ကုမ္ပဏီက တူးဖော်လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးတွင်းမှာ မနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားတဲ့အတွက် ၄ ဦးသေဆုံးပြီး တွင်းထဲမှာ ၄ ဦး ပိတ်မိနေပါတယ်။ လက်ရှိအချိန်ထိ ဌာနဆိုင်ရာတွေ၊ လူမှု့အဖွဲ့အစည်းတွေက ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ဆောင်ရွက်နေပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ဆောမြို့ဒေသခံ ကိုထွန်းထွန်းဝင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့