သတင်းမြင်ကွင်းကျယ်

2019-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ဆက်နေတဲ့ "သတင်းမြင်ကွင်းကျယ်" အစီအစဉ်
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ဆက်နေတဲ့ "သတင်းမြင်ကွင်းကျယ်" အစီအစဉ်
.

ထိုင်းမြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်အတွင်းက ရွာတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က အမျိုးသမီးသူကြီးတွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဒါဟာလည်း လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။

အဲဒီ့အချိန်က ကရင်ပြည်နယ် အစွန်အဖျား ဒေသတွေမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်အမျိုးသမီးတွေဟာ သမိုင်းမှတ်တိုင်တခုကို စိုက်ထူကြတာ ဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာ တနှစ်ပြည့်တော့မယ့်အချိန်မှာ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှု ထိခိုက်ဒဏ်ရာမှုတွေလည်း တဖြေးဖြေးများလာပါတယ်။ နောက်တချက်ကတော့ တပ်မတော်ဘက်ကရောAA ရခိုင့်တပ်တော်ဘက်ကပါ အရပ်သားတွေကို ဖမ်းဆီးမှုရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိတာပါ။

AAဘက်က ဖမ်းဆီးသူတွေဟာ တပ်မတော်ကို သတင်းပေးသူတွေ၊ အထောက်အပံ့ပေးသူတွေဖြစ်တယ်လို့ ပြောသလို တပ်မတော်ဘက်က အရပ်သားတွေ ဖမ်းဆီးစစ်ဆေးတယ်ဆိုတာ AA ဘက်က ဝါဒဖြန့်မှုပဲ ဖြစ်တယ်လို့ပြောပါတယ်။ တကယ်က လက်နက်ကိုင်တွေရဲ့ဆောင်ရွက်ချက်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဒီဆောင်ရွက်မှုတွေဟာ ဒေသတွင်း သတင်းထောက်တွေ သွားလာခွင့်မရရှိတာ၊ အင်တာနက်များ ဖြတ်တောက်ထားတာကြောင့် အဆက်အသွယ်တွေ ပြတ်တောက်နေပြီး သတင်းမှန်တွေ ထွက်ပေါ်လာခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ ထောက်ပြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စုစည်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းတွေအတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေ ပြန်ပြီးသက်ဝင်လာဖို့ ရှိနေပါတယ်။ အဓိကက NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အခမ်းအနားကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အစိုးရနဲ့ တပ်ဘက်က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။

အဲ့ဒီမှာ ခေါင်းဆောင်တွေ ပါဝင်တဲ့အစည်းဝေးတွေကနေ စတုတ္ထအကြိမ်မြောက် ၂၁ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ကျင်းပဖို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများအရေးကူညီထောက်ပံ့တာတွေ ပြုလုပ်နိုင်ဖို့ အမေရိကန်အောက်လွှတ်တော်က ဥပဒေတခု စက်တင်ဘာလကုန်ပိုင်းက အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက လွှတ်တော်မှာတော့ ဒီလိုဥပဒေမျိုး အတည်ပြုပေးနိုင်ဖို့ နေနေသာသာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကိုတောင် တိတိကျကျသတ်မှတ်နိုင်ခြင်းမရှိသေးသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် သာရေးနာရေးကိစ္စတွေ ဆောင်ရွက်ရာမှာတောင် အစိုးရကိုယ်တိုင်က ဦးစီးပါဝင်နိုင်ခြင်း မရှိသေးပါဘူး။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့လအတွင်းက မြန်မာနိုင်ငံ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ရှိတဲ့ မြဝတီမြို့မှာ နိုင်ငံခြားသားတွေ အထူးများပြားလာတာနဲ့ပတ်သတ်ပြီး ဒေသခံတွေ စိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီမြို့မှာ ထူးထူးခြားခြား တရုတ်နိုင်ငံသားတွေ များပြားနေတာကြောင့် ဖြစ်ပါတယ်။

အလားတူဘဲ ဒေသခံတွေ စိုးရိမ်လာနေတဲ့နေရာတခုကတော့ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ တရုတ်နိုင်ငံက လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကြီး ၂ခုရှိနေတာကြောင့် ဒီစီမံကိန်းနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသားတွေ ဝင်ရောက် လာတာပါ။

ကြေးနီစီမံကိန်းနဲ့ တဆက်တည်း ဒေသခံတွေ မြေသိမ်းယာသိမ်းခံရတာကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်ဖန်တီးပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွေးမြူရေးခြံတွေ အသေးစားလုပ်ငန်းတွေ စက်ရုံငယ်တွေ တည်ထောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ကြေးနီစီမံကိန်းလုပ်ငန်းခွင်နဲ့ တခြားလုပ်ငန်းတွေမှာပါ မြန်မာနိုင်ငံသား အနည်းငယ်သာရှိပြီး တရုတ်နိုင်ငံသားတွေပဲ များနေတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတာပါ။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုလပိုင်းတွေ အတွင်း လိုင်စင်မရှိဘဲ ဆက်သွယ်ရေးပစ္စည်း ကိုင်ဆောင်တဲ့ အမှုနဲ့ တရားစွဲဆိုတဲ့ အမှုတွေ မြင်တွေ့နေရပါတယ်။

ခုလိုတရားစွဲခံရတဲ့ အမှုတွေမှာ လူတိုင်းလိုလို အသုံးပြုနေတဲ့ ပစ္စည်းများကိုင်ဆောင်တာကို ဖမ်းချင်တဲ့သူကို ရွေးပြီးဖမ်းတဲ့ ပုံစံမျိုးလားဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအမှုမျိုးတွေ ဖြစ်လာရတာ တိုင်းပြည်မငြိမ်းချမ်းတာကို မီးမောင်းထိုးပြနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေပြင်ဆင်ဖို့ အချက်ပေးနေတာဖြစ်တယ်လို့ သုံးသပ်သူတွေ ပြောနေပါတယ်။ တကယ်က ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူရာမှာလည်း ဥပဒေကို လိုသလိုဆွဲပြီး အရေးယူတဲ့ ပုံစံမျိုးမဖြစ်ဖို့ လိုအပ်တယ်လို့ ဝေဖန်နေကြပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းပြီးတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


စက်တင်ဘာ ၁၇ရက်နေ့က ကျိုင်းတုံမြို့မှာ ပြုလုပ်သွားတဲ့ ဆွေးနွေးပွဲအပေါ်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့က ကိုယ်စားလှယ်တွေက အားရကျေနပ်တယ်လို့ ပြောသူတွေ ရှိပေမယ့် အများစုကတော့ သိပ်အားမရကြပါဘူး။ အဓိကက တဘက်နဲ့ တဘက် ယုံကြည်မှုတည်ဆောက်ဖို့ အများကြီးလိုသေးတယ်လို့ သုံးသပ်နေကြပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပင်လယ်ဂျစ်ပစီလို့ လူသိများတဲ့ ဆလုံလူမျိုးတွေ အရေအတွက်ဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း လျော့နည်းလာနေပါပြီ။ ခုဆိုရင် တစ်ထောင်ကျော်ဝန်းကျင်သာ ကျန်တော့တယ်လို့ ဆလုံလူမျိုးအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ သူတို့ ပျောက်ကွယ်ရတဲ့ အဓိက အကြောင်းကတော့ လုပ်ကိုင်စားသောက်ခွင့်၊ အခွင့်အလမ်းပေါ်မှာမှုတည်နေတာပါ။

သူတို့နေထိုင်ကျက်စားရာမြိတ်ကျွန်းစုမှာ ပုလဲမွေးမြူရေး ကုမ္ပဏီကြီးတွေ အပါအဝင် ခရီးသွားလုပ်ငန်းတွေက အလုပ်တွေတိုးချဲ့လာချိန်မှာ ဆလုံတွေအတွက် ကျွန်းတွေပေါ်တက်ပြီး သောက်ရေရှာဖို့ကအစ အခက်အခဲတွေရှိလာပါတယ်။

ခုလိုနေထိုင်စားသောက်ဖို့နဲ့ အလုပ်အကိုင်နယ်ကျဉ်းလာတာကြောင့် တဖြေးဖြေးတောင်ဘက်ကို ရွေ့ပြောင်းလာတာကနေ မြန်မာ့နယ်နိမိတ်က ကျော်ပြီး တခြားနိုင်ငံတွေကို ရောက်သွားသူတွေ ရှိသလို သူတို့ ကျင်လည်ရာ ပင်လယ်ပြင်မှာ လုပ်ကိုင်စားသောက်စရာမရှိတော့လို့ ကုန်းပေါ်တက် သွားတာ၊ တခြားလူမျိုးနဲ့ သွေးနှောသွားတာလည်းရှိပါတယ်။

အခုဆလုံတွေကို နေရာချထားပေးတဲ့ လငန်းရွာအနီးက သူတို့ လုပ်ကိုင်စားသောက်တဲ့နယ်မြေကို မြန်မာဆာကီကုမ္ပဏီက ပုလဲမွေးမြူရေးလုပ်ငန်းလုပ်ဖို့ တိုးချဲ့လာလို့ ဆလုံတွေအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က စတင်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့၃ဖွဲ့က တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ငါးခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး နောက် ပြင်ဦးလွင်လို အရင်က သေနတ်သံမကြားရတဲ့ နေရာတွေမှာပါ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်ဘက်က အမြောက်သံ၊ သေနတ်သံတွေလည်းမပြတ်သေးပါဘူး။ ခုတော့ တိုက်ပွဲသံတွေ အဆုံးမသတ်ခင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြပါပြီ။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းနေချိန်မှာပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူမှုပဋိညာဉ်ကို ချိုးဖောက်ခဲ့တာကြောင့် တရားမဝင်ဘဲ ပျက်ပြယ်ပြီဖြစ်တယ်ဆိုပြီး တရားစွဲစာချွန်လွှာတက်ထားတာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က လက်ခံလိုက်ပါတယ်။

ဒီစာချွန်လွှာကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေက တင်သွင်းတာခဲ့တာပါ။ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ဟာ ဒီစာချွန်လွှာ မတင်ခင် ၂၀၁၇ ခုနှစ်က စပြီး၊ နှစ်ကြိမ်တိုင်တိုင် အောက်အဆင့် တရားရုံးတွေကို တင်ပြခဲ့ပေမယ့် တရားရုံးတွေက ဆုံးဖြတ်ပိုင်ခွင့်မရှိဆိုပြီး လက်မခံခဲ့ပါဘူး။ ခုတော့ တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပါပြီ။ တရားလွှတ်တော်ချုပ်မှာ မကြာမှီလျှောက်လွဲချက်တွေ တင်သွင်းရမှာ ဖြစ်ပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိသစ္စာ ခံယူပွဲ တက်ရောက် လာချိန်၊ ကံ့ကော်ပန်းခြံကနေ ရန်ကုန်တက္ကသိုလ်များကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တွေက ဆန္ဒပြကြပါတယ်။ ကျောင်းသားတွေက 7 July အခမ်းအနားကျင်းပလို့ အဖမ်းခံရတဲ့ ကျောင်းသားတွေလွှတ်ပေးဖို့ အပါအဝင် တခြားတောင်းဆိုချက်တွေ တောင်းဆိုခဲ့ပါတယ်။

တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြတယ်ဆိုတာ ခုတစ်ကြိမ်ဟာ ပထမဆုံး အကြိမ်ပါ။ ခုလိုဆန္ဒပြတာနဲ့ပတ်သက်လို့ ဝေဖန်သံတွေ တော်တော်လေး ထွက်ပေါ်လာပါတယ်။ ကျောင်းသားတွေ က NLD ပါတီကို ကျောင်းဝန်းထဲမှာ မဲဆွယ်တယ်လို့ စွပ်စွဲထားသလို NLD ကလည်း ငြင်းပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာကို ဇူလိုင်လ ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ပါတီတွေက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုတဲ့ အချက်ပေါင်း ၃၇၆၅ ပါဝင်ပါတယ်။ ခုလိုအစီရင်ခံစာ တင်သွင်းတာကို တပ်မတော်ဘက်က အန္တရာယ်ရှိတယ်ဆိုတဲ့စကားကို ပြောဆိုခဲ့သလို ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဖွဲစည်းပုံပြင်ဆင်ရေးကို၊ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ခုလိုပြောဆိုချက်ဟာ ပြည်သူအများစုလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်၊ တပ်မတော်ကို အာဏာသိမ်းအောင် စကားလမ်းကြောင်းနေတာဖြစ်တယ်လု့ိ တုံ့ပြန်တာတွေရှိပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းသွေဖည်သွားအောင် ဆောင်ရွက်သူတွေရှိတယ်ဆိုပြီး NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုက ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ ဘယ်သူ့ကိုပြောတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယုံကြည်မှုပျက်ပြားနေတာကို ရည်ညွန်းတာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူ ဒေသခံ ငါးသောင်းကျော်ဟာ စစ်ရှောင်စခန်းပေါင်း ၆၀ နီးပါးမှာ နေထိုင်ကြရပါတယ်။ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြသူတွေထဲမှာ တစ်ဝက်လောက်ဟာ ကျောင်းနေအရွယ်လူငယ်များဖြစ်ကြတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။ အဓိကပြဿနာက သူတို့ရဲ့ပညာသင်ကြားရေးပါ။ ရင်ဆိုင်နေရတဲ့အခြေအနေကတော့ ကျောင်းရှိပြီး ဆရာမရှိတဲ့ ပြဿနာနဲ့ ကျောင်းလည်းမရှိ ဆရာလည်းမရှိတာတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် က မြို့နယ် ရှစ်ခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က စပြီး အင်တာနက်များဖြတ်တောက်လိုက်ပါတယ်။ ဒီဖြတ်တောက်မှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးပေမယ့် မကောင်းတဲ့အကျိုးဆက်များ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေဖြစ်ပေါ်နေသလို ဒေသတွင်းအမှောင်ချပြီး စစ်ဆင်ရေးများ ဆောင်ရွက်နေတာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အလားတူ စစ်ဘေးဒဏ်သင့်နေတဲ့ ဒေသခံတွေကို ကူညီကယ်ဆယ်ရေးမှာလည်း အခက်အခဲ တွေရှိလာနိင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်ဘက်ကတော့ အင်တာနက် လူမှုကွန်ယက်ကို အသုံးချပြီး အမုန်းစကားဖြန့်တာတွေရှိနေတာကြောင့် ပိတ်ပင်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။

ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြေဇာပင်ဖြစ်ရတာ ဒေသခံပြည်သူတွေဖြစ်သလို တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ရပ်ကျေးနဲ့ ကျေးရွာအုပ်ချုပ်မှူးတွေပါ ဒုက္ခရောက်ကြရပါတယ်။ အဓိက ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ မကြာခဏ အဖမ်းခံရတာကြောင့်ပါ။ သူတို့ကို မတရားသင်းဆက်သွယ်မှှု ပုဒ်မ ၁၇(၁)နဲ့ ဖမ်းတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေဟာ အခုနှစ်ဆန်းပိုင်းလောက်ကစပြီး ရသေ့တောင်မြို့နယ်မှာ ဖြစ်ခဲ့ပြီးနောက်၊ မြောက်ဦးမြို့နယ် နောက်ပိုင်းမှာ ကျောက်တော်မြို့နယ်တွေမှာပါ အဖမ်းအဆီးတွေ ရှိလာပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ကြပါတယ်။ သူတို့ကို ဥပဒေအရ အကာအကွယ်ပေးဖို့လည်း တောင်းဆိုပါတယ်။ တပ်မတော်ကတော့ အပြစ်ရှိသူကို အရေးယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူးတွေက ပြည်နယ်ဝန်ကြီးချုပ်ကို တွေ့ဆုံခဲ့ပေမယ့် ဝန်ကြီးချုပ်က လိမ္မာသလိုသာ ကြည့်နေပါလို့ပြောတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် မြို့နယ်အတွင်း အောက်ခြေအုပ်ချုပ်ရေးပျက်ပြားပြီး ဒေသခံပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တဲ့ သုံးပွင့်ဆိုင် UPDJC အတွင်းရေးမှူးများရဲ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးဗဟိုမှာပြုလုပ်တဲ့ နှစ်ရက်ကြာကျင်းပတဲ့ အလွတ်သဘောအစည်းအဝေး၊ ဇွန်လ ၁၄ ရက်နေ့က ပြီးဆုံးပါတယ်။ ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတာတွေကို ရှေ့တိုးနိုင်အောင် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ နှစ်ဦးနှစ်ဘက်သဘောတူ Bilateral သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲကို ဧပြီလ ၃၀ ရက်နေ့က တရုတ်ပြည် ရွှေလီမြို့မှာ ကျင်းပခဲ့ပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲကို မေလ တတိယအပတ်အတွင်း ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် ကျင်းပမယ့်နေရာ ဟိုဘက်ဒီဘက် အဆိုပြုနေတာကနေ သတ်မှတ်တဲ့အချိန်မှာ မကျင်းပနိုင် ဖြစ်နေပါတယ်။ အခုတော့ မြန်မာ့တပ်မတော်က ရက်တိုးသတ်မှတ်ပေးထားတဲ့ အပစ်ရပ်ကာလဟာလည်း အချိန်ပြည့်တော့မှာမို့ လာမယ့်အပတ်အတွင်း ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်းရွာက လူသတ်မှုမှာ တပ်မတော်သားတွေကို ချမှတ်ထားတဲ့ အပြစ်ဒဏ်တွေကို လျော့ပေးပြီး ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေသလို မြန်မာနိင်ငံက တရားစီရင်ရေးမှာလည်း အမဲကွက်စွန်းထင်းသွားပြီလို့ ပြောဆိုနေကြပါတယ်။ အပြည်ပြည်ဆိုင်ရာက ဝေဖန်သူတွေကတော့ မြန်မာ့တရားစီရင်ရေးကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး စံနှစ်မျိုးနဲ့ တရားစီရင်ရေးအဖြစ် သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ အလားတူ ဖြစ်စဉ်မျိုးတွေ ကြုံဖူးခဲ့ပါသလား။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် တတိယ အသုတ်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ပါလာကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ လွတ်မြောက်မှုအပေါ်မှာ နိုင်ငံတကာက ဝမ်းမြောက်ဝမ်းသာ ချီးမွှန်းနေကြပေမယ့် လူမှုရေးကွန်ယက်စာမျက်နှာများမှာ၊ မိုးမွှန်အောင် ဆဲဆိုနေတာ တွေ့မြင်ရပါတယ်။ တစ်ချိန်တည်းမှာပဲ သတင်းသမားတွေအပေါ် အမြင်စောင်းအောင် ဖန်တီးနေတဲ့ အုပ်စုတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဦးတင်အောင်ခိုင်က ဆွေးနွေးတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ လပိုင်းအတွင်း၊ တပ်မတော်က သတင်းမီဒီယာတွေအပေါ် တရားစွဲတာရော လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် တရားစွဲတာတွေရော ထွက်ပေါ်လာပါတယ်။ ခုလိုတရားစွဲတာမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ဖြစ်သလို ရာဇသတ်ကြီးပုဒ်မတွေပါ၊ ပါဝင်ပါတယ်။ ဒီဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီနည်းလမ်းနဲ့ မညီဘူးလို့ ပြောဆိုသူတွေရှိပါတယ်။ အာဏာရှင်ခေတ်ဆီကို ပြန်သွားနေတဲ့ အခြေအနေလို့ သုံးသပ်သူတွေလည်းရှိပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ အပတ်အတွင်းကပဲ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိပါလို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက် စစ်အစိုးရတွေ လက်ထက်ကတည်းက အပြည်ပြည်ဆိုင်ရာကိုရော ပြည်တွင်းမှာပါ မရှိပါလို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ဖမ်းဆီးထားတာဖြစ်ပေမယ့် ပုဒ်မတွေကို ရာဇသတ်ကြီးပုဒ်မတွေတပ်ထားပြီး သာမန်အကျဉ်းသားသာဖြစ်တယ်လို့ ပြောဆိုလို့ရှိပါတယ်။ ဒီအခြေအနေကြောင့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က လက်ရှိအစိုးရက ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက်ကို ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်သင့်သလို လွှတ်တော်မှာလည်း ဥပဒေ ပြုပြင် ပြဌာန်းသင့်တယ်လို့ ပြောပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အစိုးရနဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို NCA အပစ်ရပ်စာချုပ်မှာ အရင်ဆုံးလက်မှတ်ထိုးဖို့ စည်းရုံးနေပါတယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကိုယ်တိုင် NCA အပေါ် အားမလိုအားမရ ဖြစ်နေပြီး၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ၊ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဘက်ကတော့ NCA ထက် Bilateral လို့ခေါ်တဲ့ မြန်မာအာဏာပိုင်တွေနဲ့ နှစ်ဘက်တွေ့ဆုံရေးအပေါ်မှာ ပိုပြီး အားသာလာနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် ကိုယ့်အိမ်ကိုယ့်ရွာကနေ ထွက်ပြေးကြရတဲ့ လူငယ်တွေအတွက် ဆွေးနွေးပွဲတွေကို ဒုက္ခသည်ကော်မတီက ဦးစီးပြီး ပြုလုပ်ပေးနေခဲ့တာ ခုဆို ၅နှစ်ရှိခဲ့ပါပြီ။ ဒါဟာ ဒီလူငယ်တွေရဲ့ ဘဝရှေ့ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံးသပ်သူတချို့ကတော့ ဒီဆောင်ရွက်ချက်ဟာ KIAတပ် အတွက် လူသစ်စုဆောင်းတာလို့ ဝေဖန်မှုတွေရှိပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေချိန်မှာ သတင်းမီဒီယာတွေကို ခြိမ်းခြောက်တဲ့စာတွေ ရောက်ရှိလာပါတယ်။ ဒီကိစ္စအပေါ်တရားခံအစစ် ဘယ်သူလဲဆိုတာ မသိရပေမယ့် AA နဲ့ တပ်မတော်ကတော့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ သုံးသပ်သူ တချို့ကတော့ ဒါဟာ ရခိုင်ပြည်နယ်က အခြေအနေတွေ ပိုပြီးရှုပ်ထွေးအောင် ပြုလုပ်နေတာလို့ ယူဆကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ အလွန်အကျွွံ တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒေသခံတွေ ရင်ဆိုင်ခံစားနေတဲ့ ဆိုးကျိုးတွေထဲမှာ လက်တွေ့ဖြစ်နေတဲ့ ပြဿနာကတော့ သောက်သုံးရေ ရှားပါးမှုပါ။ ဒီပြဿနာဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စတင်လာတာဖြစ်ပေမယ့် အခုအချိန်မှာ အဆိုးဆုံးဖြစ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ အခုလို ရေရှားပါးမှုတွေ ကြုံတွေ့နေရချိန်မှာ ကျောက်တူးဖို့ ရောက်လာကြသူတွေကလည်း တနေ့တခြား များပြားလာနေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တပ်မတော်က လေးလကြာ အပစ်ရပ်စဲအခတ်ရပ်စဲရေးကြေငြာပြီးနောက် တိုက်ပွဲသံတွေ နည်းနည်းငြိမ်သွားတဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ဒေသတွေက ဒုက္ခသည်တွေ နေရပ်ပြန်ရေးလုပ်ငန်းတွေစတင်နေပါပြီ။ ရခိုင်ပြည်နယ်မှာလည်း စစ်ပြေးဒုက္ခသည်တွေကို အိမ်ပြန်ဘို့ တိုက်တွန်းမှုတွေရှိပေမဲ့ ဒုက္ခသည်တွေ ထပ်ပြီးတိုးပွားလာနေပါတယ်။ ၂၀၁၉ခုနှစ် မြန်မာနိုင်ငံအတွင်း ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ သုံးသပ်ချက်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေက အမျိုးသမီးတွေဟာ စီးပွားရေးလိုအပ်ချက်အရ တရုတ် အမျိုးသားတွေနဲ့လက်ထပ်ဖို့ တရုတ်ပြည်ကို ရောင်းစားခံနေရတယ်ဆိုတဲသတင်းတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်ရဲ့ အစီရင်ခံစာအရ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အမျိုးသမီး ၇၅ဝဝ လောက် တရုတ်ပြည်ကို ရောင်းစားခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ စစ်ပွဲတွေကြောင့်ရလာတဲ့ နောက်ဆက်တွဲဆိုးကျိုးတခု ဖြစ်တယ်လို့ KWAT ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ညီလာခံကြီးတွေ၊ ထိပ်သီးအစည်းအဝေးတွေ အကြိမ်ကြိမ် ကျင်းပနေကြပေမယ့် ငြိမ်းချမ်းရေးဆိုတာကို မှိုင်းပြပြလေးသာ မြင်နေရပါတယ်။ ငြိမ်းချမ်းရေး အလှမ်းဝေးနေတာကြောင့် အထိခိုက်အနစ်နာရဆုံးကတော့ စစ်ပွဲဖြစ်ပွားရာဒေသတွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရ၊ မိသားစုတွေကွေကွင်းရပြီး၊ အလုပ်အကိုင်တွေ ပျက်၊ အလုပ်အကိုင်တွေမဲ့ပြီး အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေကြရပါတယ်။ RFA ဝိုင်းတောသား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေတ္တရပ်နားထားမယ် ဆိုပြီး KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာလိုက်တဲ့အတွက် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်ချက်တွေ တိုးပွားလာနေပါတယ်။ သုံးသပ်သူတွေကတော့ KNU ရဲ့ကြေညာချက်အပေါ် သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကြားနာဆွေးနွေးခဲ့ကြတာပါ။ ဒီစွပ်စွဲချက်တွေဟာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ချက်တွေပဲ ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ မြန်မာဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ ၂ဝ၁၆ -၂ဝ၁၇ နဲ့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာတွေအရ ကျပ်ငွေဘီလျံပေါင်းများစွာ နစ်နာနေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ တိုင်ကြားတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအစီရင်ခံစာ ဖော်ပြချက်အရ နစ်နာဆုံးရှုံးရတဲ့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရပိုင်းမှာ တာဝန်ရှိသလို အခုတာဝန်ဆက်လက်ယူတဲ့ အစိုးရမှာလည်း တာဝန်ရှိနေပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီကိစ္စ အရေးမယူနိုင်သေးဘူးလို့ ကြေညာထားပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကျောက်စိမ်းတွင်းဒေသက တရားမဝင်ကျောက်ရှာဖွေသူတွေကို ရှင်းလင်းတော့မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့အပတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တကယ်က သိန်းနဲ့ချီပြီးရှိနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ရှင်းလင်းဖိုးဆိုတာ လွယ်ကူပါသလား။ ဒါ့ပြင် ဒီဆောင်ရွက်ချက်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် အားသွန်ကြိုးပမ်းမူတွေရှိပေမယ့် သေနတ်သံတွေကတော့ ကြားနေရဆဲဖြစ်ပါတယ်။ ဒီတိုက်ခိုက်မူတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်ကြား အကျိုးစီးပွားကိစ္စရပ်တွေ ပါဝင်နေတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအနက် စတင်ဖို့အခက်အခဲဖြစ်နေတဲ့ စီမံကိန်းကတော့ ကျောက်ဖြူ -ကူမင်း ရထားလမ်းစီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ တရုတ်ပြည်အတွက် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ လုပ်ငန်းတွေကို စတင်နိုင်ရေး လုံးပန်းမူတွေရှိနေပါတယ်။ ဒီစီမံကိန်းဖြစ်မြောက်နိုင်မဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့လအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်၊ ဒီခရီးစဉ်မှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ရရှိသင့်ရရှိထိုက်တဲ့ အခွင့်အရေးတွေအတွက် ထိုင်းအာဏာပိုင်တွေကို အရေးဆိုခဲ့ပါတယ်၊ ဒီအတွက် ထိုင်းနိုင်ငံတွင်း ထုတ်ဝေတဲ့ သတင်းစာတချို့နဲ့ လူမူရေးစာမျက်နှာများပေါ်မှာ ဝေဖန်မူတွေဖြစ်ပေါ်ခဲ့ပါတယ်၊ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြပေးပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါးပျက်ကွက်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် ၃ မှာ အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။ စစ်အစိုးရလက်ထက်က ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁ဝ အထိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆင့်-၃ သတ်မှတ်ခံရပြီး ၂ဝ၁ဝ မှာ အဆင့်-၂ ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုနဂိုအဆင့်ကို ပြန်ရောက်သွားတာဘာကြောင့်ပါလဲ။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အဂတိလိုက်စားမူတိုက်ဖျက်ရေးဟာ အပြောင်းအလဲကို စတင်ဆောင်ရွက်နေတဲ့ အစိုးရသစ်လက်ထက်မှာ သတိထားကိုင်တွယ်ရမယ့် ကိစ္စတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမူဟာ ဓလေ့ထုံးစံ ယဉ်ကျေးမူတစ်ရပ်လို ဖြစ်နေတဲ့ အခြေအနေမှာ အာဏာပိုင်တွေအနေနဲ့ စနစ်တကျဆောင်ရွက်ဖို့ လိုတယ်လို့ ဝေဖန်မူတွေလည်း ရှိနေပါတယ်။ ဦးတင်အောင်ခိုင်က တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အစိုးရသစ် တာဝန်ယူတဲ့နေ့ကစပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့ အပြင်အဆင်ကစပြီး အရေးအသားတွေပါ ပြောင်းလဲတာကြောင့် မတ်လ ၃၁ ရက်နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေကို ပြည်သူတွေ အလုအယက် ဝယ်ယူခဲ့ကြပါတယ်။ ဒီအခြေအနေတွေအရ မြန်မာနိုင်ငံက အစိုးရအာဘော်သတင်းစာတွေ အမှန်တကယ် ပပျောက်သွားတော့မှာလား၊ သတင်းလွတ်လပ်ခွင့်ရော ရရှိမှာလား စတာတွေနဲ့ ပတ်သက်ပြီး သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့အပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုရတပ်တွေနဲ့ ပြည်သူစစ်တွေက ဒေသခံပလောင် တိုင်းရင်းသားတွေရဲ့ ရွာတွေကို ဖျက်ဆီးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ အရင်အစိုးရအဆက်ဆက် တိုက်ပွဲတွေမှာကျင့်သုံးတဲ့ နည်းဗျူဟာတွေဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ်ထိခိုက်စေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ၂ဝ၁၁-၁၂ အချိန်ကတည်းက ဒေသခံနဲ့ ကုမ္ပဏီအကြား အငြင်းပွားနေတဲ့ ပြဿနာဟာ ဒီကနေ့အထိ မပြီးဆုံးသေးသလို နောက်အစိုးရလက်ထက်မှာလည်း ပြဿနာတွေ ဆက်လက်ဖြစ်ပွားဖွယ် ရှိနေပါတယ်။ တကယ်က ဒီပြဿနာတွေမှာ အစိုးရပိုင်းက ကုမ္ပဏီရဲ့ အကျိုးဆောင်ကိုယ်စားလှယ်ပုံစံမျိုး လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့လအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးတဲ့ လူထုအခြေပြု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ဘိန်းခင်းပိုင်ရှင်တွေအကြား ပစ်ခတ်တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ပြည်နယ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမူတွေ ပြုလုပ်နေပါတယ်။ တဆက်တည်း အကြမ်းဖက်သူတွေကို အရေးယူမယ်လို့ အာဏာပိုင်တွေကပြောပေမယ့် ဘိန်းခင်းတွေ သွားဖျက်သူတွေကို ပစ်မှတ်ထားနေသလား ဆိုတဲ့ သံသယတွေဖြစ်ပေါ်နေကြပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့ အပတ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကိုဖော်ဆောင်လို့ မရနိုင်တာကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်းဆိုမူတွေလုပ်ဖို့ ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်ရေးထိုးခြင်းမရှိတဲ့အဖွဲ့တွေကပါ သဘောတူလက်ခံခြင်းမရှိပါဘူး။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားအချင်းချင်းကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာအစိုးရသစ်အတွက် ပြဿနာသစ်တခုဖြစ်လာနေပါတယ်။ တစ်ပြည်လုံးစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နံပါတ်-၁ ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့ NLD အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နိုင်သလဲ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဘိန်းခင်းတွေဖျက်စီးဖို့ ဆောင်ရွက်နေပေမယ့် ဘိန်းခင်းဧကတစ်သောင်းလောက်ရှိနေတဲ့ မြို့နုယ်တစ်ခုမှာ ဘိန်းခင်းပိုင်ရှင်တွေက ခုခံနေတာကြောင့် လုပ်ငန်းတွေ ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တပ်မတော် လေ့ကျင့်ရေးကျောင်းတစ်ကျောင်းမှာ သင်တန်းသားအချင်းချင်း နှိပ်စက်နေတဲ့ ဗီဒီယိုတွေ ပျံ့နှံ့နေရာမှာ ဝေဖန်မှုတွေ အများအပြားထွက်ပေါ်နေပါတယ်။ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး စစ်တပ်အတွင်းရှိ ပုဂ္ဂိုလ်တွေကိုယ်တိုင် တအံ့တသြဖြစ်ရတယ်လို့ ဆိုပါတယ်။ အရပ်သားတွေအနေနဲ့ကတော့ ဒီဗီဒီယိုကြောင့် ကြောက်လန့်စိတ်တွေဖြစ်ရတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း ရန်ကုန်မှာရှိတဲ့ ကျူးကျော်ရပ်ကွက်တွေကို အင်အားသုံးဖျက်သိမ်းလျက်ရှိရာမှာ ဝေဖန်မှုတွေ အမျိုးမျိုးဖြစ်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျူးကျော်ဖြစ်ပေါ်လာပုံကို အခြေခံကျကျလေ့လာပြီးမှ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဇန်နဝါရီလ ၁၆ ရက်နေ့က အဆုံးသတ်သွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ ငြိမ်းချမ်းရေးအတွက်အဖြေထက် ဖြေရှင်းရမယ့် ပြဿနာတွေကသာ ပိုလာများတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်ပြီး အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဖားကန့် ကျောက်စိမ်းတွင်းမှာ ရေမဆေးကျောက် ရှာဖွေသူတွေဟာ အသက်ကိုရင်းပြီး လုပ်ကိုင်စားသောက် နေရသူတွေဖြစ်ကြပေမယ့် သူတို့အားလုံးမှာ သာမန်လူတွေထက် အိမ်မက်လှလှတွေ ကိုယ်စီရှိကြပါတယ်။ မြေသယ်ကားကြီးတွေ သွန်ချတဲ့ မြေပုံပေါ်မှာ အလုပ်လုပ်ဖို့ သွားကြတာကို လင်ခရူဇာကားကြီး သွားဝယ်စီးဖို့၊ ပါဂျဲရိုးကားဝယ်ဖို့စတဲ့ စိတ်ကူးတွေကိုယ်စီနဲ့လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဖားကန့် ကျောက်စိမ်းတွင်းဒေသက အခြေအနေတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရတဲ့ အခြေအနေတွေ မြင်တွေ့ခဲ့ရပေမယ့် ပြဿနာအတွက် အဖြေတော့ မရရှိခဲ့ပါဘူး။ ဝေဖန်သူတချို့ကတော့ အစိုးရအဖွဲ့ရဲ့ တင်ပြချက်ဟာ အနာနဲ့ ဆေးလွဲနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း ဖားကန့်ဒေသမှာ လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ဗဏီတွေ ကျောက်စိမ်းတူးယူနေကြတာနဲ့ ပတ်သက်ပြီး ကန့်ကွက်သံတွေ မျိုးစုံထွက်ပေါ်နေသလို ဒေသခံတွေ ကိုယ်တိုင်လည်း ဆန္ဒပြတာတွေ ပြုလုပ်နေကြပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကျောက်စိမ်းတွေ တစ်နိုင်ငံထဲအပိုင်ရနေတဲ့ မြန်မာနိုင်ငံမှာ နောင်ဆိုရင် ကျောက်စိမ်းကို အရုပ်ရေးပြရမယ့် အခြေအနေအထိ ကျောက်စိမ်းဆိုတာလုံးဝ ပျောက်ကွယ်သွားနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂၀၁၅ ရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတရစေမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကတိပြုထားပေမယ့် သံသယဝင်နေသူအများအပြားရှိသလို၊ ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုရှိခဲ့တဲ့အတွက်ကြောင့်လည်း ရွေးကောက်ပွဲရလာဒ်ကြောင့် တစ်စုံတရာ ဖြစ်ပေါ်လာလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သီတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးပွဲတွေမှာ ဆူဆူညံညံအသံတွေ ကြားလာရသလို အခုတော့ အမှားကိုပြင်လို့ အမှန်ဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးမယ်လို့ ဆိုလာပြန်ပါတယ်။ တချို့နိုင်ငံတွေမှာ အခုလမကုန်ခင် မဲပေးခွင့်ပြန်လည်ရရှိဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိတ်သီးအစည်းအဝေးကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရာမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက်တစ်ခုတည်း မချမှတ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေဟာ အခုတစ်ပတ်မှာတော့၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနေကြတဲ့အကြောင်း ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရာမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက်တစ်ခုတည်း မချမှတ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေဟာ တိုင်းရင်းသားတွေကြား သွေးကွဲမူဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေရှိပေမယ့် လက်မှတ်ရေးထိုးရေးအတွက် အဖွဲ့အနည်းငယ်ကသာ လက်ခံခဲ့တာကြောင့် အစိုးရလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးလို့ သုံးသပ်နေကြပါတယ်။ သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲစာရင်း ပြဿနာတွေ ပေါ်ပေါက်လျက်ရှိရာမှာ ဒီပြဿနာအတွက် တရားခံဟာ မဲဆန္ဒရှင်တွေ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမူတွေရှိနေပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှန် မမှန် မိမိကိုယ်တိုင်စစ်ဆေးရမှာဖြစ်ပြီး၊ အမှန်ကို မပြင်နိုင်တာဟာ မိမိမှာတာဝန်ရှိတယ်လို့ ပြောဆိုခံနေရပါတယ်။ ဒီအခြေအနေများအရ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတပါ့မလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်နေပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး နီးလာချိန်မှာ တပ်မတော်သားများ အရပ်ဘက်ကို တိုးမြှင့်ပြောင်းရွေ့လာတာနဲ့ပတ်သက်ပြီး ကန့်ကွက်မူတွေ ပြင်းထန်လာနေပါတယ်။ ဒီကန့်ကွက်မူတွေဟာ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲအပေါ်မှာ အကျိုးသက်ရောက်မူတွေ ရှိနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အလုပ်သမားတွေအတွက် အနိမ့်ဆုံးတစ်ရက်လုပ်ခလစာ ၃၆ဝဝ ကျပ်အဖြစ် အစိုးရက အတည်ပြုပြဌာန်းလိုက်တဲ့ဥပဒေဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်သက်ဝင်ပါတယ်။ ဒီဥပဒေဟာ အလုပ်သမားတွေ သက်သာချောင်ချိရေးအတွက်လို့ ဆိုပေမယ့် ဥပဒေစတင်သက်ဝင်တာနဲ့ အလုပ်ရှင်အလုပ်သမားပြဿနာတွေ ပိုပြီးများလာပါတယ်။ ဒါဟာ အစိုးရရဲ့ ကိုင်တွယ်ပုံ မှားယွင်းနေလို့ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိလို့ ပယ်ချလိုက်သူ ၈၈ ဦးရှိတယ်လို့ ဆိုပါတယ်။ အပယ်ခံရသူတွေအနေနဲ့ အများအားဖြင့် သုံးဦးသုံးဖလှယ် မြန်မာနိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁ဝ နဲ့ မြန်မာနိုင်ငံမှာ ၁ဝ နှစ် ဆက်တိုက်နေထိုင်ရမယ်ဆိုတဲ့ ပုဒ်မ ၈ စတာတွေနဲ့ ငြိစွန်းကြတာပါ။ ဒါပေမယ့် တချို့ကို ဥပဒေနဲ့ ချိန်ထိုးရာမှာ ခရိုင်ကော်မရှင်တွေ မှတ်စိမှိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာမျိုးတွေ ရှိနေပါတယ်။ ဒီအကြောင်း သတင်မြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက အခုနှစ်အတွင်း မကြုံစဖူး မိုးကြီးရေလျှံမှုကြောင့် လူသန်းနဲ့ချီပြီး ထိခိုက်ခဲ့ရပါတယ်။ ခုတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပြီလို့ အာဏာပိုင်တွေကပြောပေမယ့် စနစ်တကျဆောင်ရွက်မူတွေ မမြင်ရသေးဘူးလို့ ဝေဖန်မူတွေရှိနေပါတယ်။ တချိန်တည်းမှာပဲ နောင်မှာ အခုလိုသဘာဝဘေးဒုက္ခတွေ မကြုံရအောင်ကြိုတင်စီမံမှုတွေ လုပ်ထားသင့်တယ်လို့ အကြံပြုသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မန္တလေးမြို့မှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဘာသာပေါင်းစုံသင့်မြတ်ရေး ဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် သုံးဦးကို စွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအခြေအနေကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ ဝေဖန်မူတွေရှိနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ်သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ ဖြစ်ပွားနေတဲ့ မိုးကြီးမြေပြိုမူတွေအတွက် မြို့ကိုနေရာပြောင်းရွှေ့ဖို့ စီစဉ်နေကြပါတယ်။ တကယ်တော့ ဟားခါးမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်ခင် ကယ်ဆယ်ရေးလုပ်ငန်းအဆင့်တွေ လုပ်ဆောင်ဖို့ ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခြေအနေအရ လူ ၃ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး စားနပ်ရိက္ခာ ပြတ်လတ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေချိန်မှာ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အရေးကြီးတဲ့ အခြေခံအချက်တချို့ကို ဆွေးနွေးဖို့ မေ့လျော့နေသလားဆိုတဲ့ သုံးသပ်မေးခွန်းထုတ်သူတွေ ရှိပါတယ်။ ဒီလိုအပ်ချက်ကြောင့် တစ်ဘက်က ဆွေးနွေးနေချိန် တခြားတစ်ဘက်မှာ သေနတ်သံတွေကြားနေရတာလို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်ရေး မသေချာတော့ဘူးလို့ ဝေဖန်သူတွေ အခိုင်အမာပြောနေချိန်ကြချိန်မှာ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ခြင်းတွက် တခြားဘေးထွက်ဆိုးကျိုး တစ်ခုရှိနေတယ်လို့ ထောက်ပြသူတွေရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော် မရရှိသေးတဲ့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးသွားပြီလို့ ပြောဆိုနေကြတာပါ။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့စဉ်က ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အဓိကရည်ရွယ်ချက်ထားခဲ့ပေမယ့် အခုတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အခြေအနေသွားပြီလို့ သုံးသပ်နေကြပါတယ်။ ဒီအခြေအနေမှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လှည့်စားခံလိုက်ရတာများလားဆိုပြီး သုံးသပ်သူတွေလည်းရှိပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပညာရေးဥပဒေအတွက် ဆန္ဒပြလို့ လက်ပံတန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ကျောင်းသားတွေရဲ့ အမှုတွေကို စစ်ဆေးနေစဉ်မှာပဲ အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး ပြုစုစောင့်လျှောက်မူတွေနဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လာနေပါတယ်။ အခုဆိုရင် ကျောင်းသားတွေကို ဖမ်းခဲ့စဉ်က အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အပြန်အလှန်ငြင်းခုံတာတွေ တရားရုံးအထိ ရောက်ရှိလာပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းသုံးကြိမ်ထုတ်ပြန်ခဲ့ရာမှာ အမှားအယွင်းပေါင်း များစွာတွေ့ရှိနေရလို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့ “မိုးကြိုးပစ်၊ ထန်းလက်နဲ့ကာ” ဆိုသလိုမျိုးလုပ်နေတယ်လို့ ပြောနေကြပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ကချင်ကျောင်းဆရာမ နှစ်ဦးရဲ့အမှုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသခံတွေတင်မက မြန်မာတစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့အမူဖြစ်သလို အမှုသွားအမှုလာအရလည်း စိတ်ဝင်စားစရာကောင်းနေတယ်လို့ ကချင်လူမှုရေးအဖွဲ့တွေက ပြောပါတယ်။ တရားခံတွေ ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့နဲ့အတူ ကချင်လူမှုရေးအဖွဲ့ွှတွေ ပူးပေါင်းကြိုးစားလျက်ရှိရာမှာ အဓိကသက်သေတွေဖြစ်တဲ့ ဒေသခံ ကောင်းခါးရွာသားတွေဟာ အမှန်အတိုင်း သက်သေမထွက်ရဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့မှာ နောက်ပြန်ဆွဲနေတဲ့ အခြေအနေကိုရောက်သွားပြီလို့ ဝေဖန်နေကြပါတယ်။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် တပ်မတော်က ထုတ်ပြန်လိုက်တဲ့ မတရားအသင်းနဲ့ ပတ်သက်တဲ့ ကြေညာချက်ကြောင့် အခုလိုဝေဖန်နေကြတာပါ။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အဖမ်းဆီခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ ပြီးခဲ့တဲ့ မတ်လကစပြီး သိသိသာသာ တိုးများလာရာမှာ စုစုပေါင်း ၁၇၂ ဦးရှိပြီး တရားရုံးတွေမှာ ရင်ဆိုင်နေရသူ ၃ဝဝ ကျော်တယ်လို့ AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ သုံးသပ်သူတွေကတော့ ၂ဝ၁၅ ခုနှစ်မှာ လူဖမ်းပွဲကြီးပြန်စနေပြီလို့ ပြောဆိုနေကြသလို မြန်မာနိုင်ငံရဲ့ တရားရေးစနစ်အပေါ် ဝေဖန်မူတွေလည်း ပိုများလာနေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုရက်ပိုင်းအတွင်း မေလမှာကျင်းပမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲ ကျင်းပဖြစ်၊ မဖြစ် ဝေဖန်မူတွေထွက်ပေါ်နေပါတယ်။ ဒီအချိန်မှာပဲ ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူတွေကို မဲထည့်ခွ့င်ပေးမယ်လို့ ကြေညာတာကြောင့် ကန့်ကွက်သံတွေထွက်ပေါ်နေချိန်နဲ့ တိုက်ဆိုင်နေပြန်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ White Card တွေရဲ့ သက်တမ်းကို မတ်လ ၃၁ ရက်နေ့မှာကုန်ဆုံးပြီလို့ ကြေညာလိုက်ပြန်တာကြောင့် ငြင်းခုံနေသူတွေကြား ဝေခွဲမရ ဇဝေဇဝါတွေဖြစ်နေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကိုးကန့်ဒေသမှာ တိုက်ပွဲအရှိန် မြင့်တက်လာချိန်မှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးကို ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အစိုးရနဲ့ တပ်မတော်ကတော့ ကိုးကန့်ဒေသကတိုက်ပွဲတွေဟာ တခြားလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ခြားနားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ၊ တရုတ် မြန်မာနယ်စပ်မှာ တရုတ်ဘက်က ရွှေလီမြစ်ကိုဖြတ်သန်း တံတားထိုးမယ့်ကိစ္စအတွက် ဧပြီလ ၃ ရက်နေ့က မြန်မာ့ပိုင်နက်အတွင်း အလံလာရောက် စိုက်ထူတာကြောင့် မြန်မာဘက်က ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကိစ္စအတွက် နှစ်နိုင်ငံအာဏာပိုင်တွေညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ပြောပေမယ့် ဒေသခံတွေ ရထက်မအေးနိုင် ဖြစ်နေကြပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းပြီးချိန်မှာ ဖမ်းဆီးခံကျောင်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုသံတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကတော့ ဆက်တိုက်ဖမ်းဆီးနေတာပါ။ သုံးသပ်သူတွေပြောတာက ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်လူဖမ်းပွဲ လုပ်ထားတာလို့ ဆိုပါတယ်။ ဒီအကြောင်း အခုတစ်ပတ်သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်နိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်ကိုတင်ပြီး အတည်ပြုခဲ့ပါပြီ၊ ဒီဥပဒေကြမ်းဟာ ကျောင်းသားတွေရဲ့ သဘောတူညီချက် အများစုဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီက ပြောပေမယ့် ဒီပြောဆိုချက်အပေါ် သံသယနဲ့ စိုးရိမ်နေသူတွေ အများအပြားရှိနေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပံတန်းကျောင်းသားသပိတ်ကို ဖြိုခွင်းရာမှာ အကြမ်းဖက်မှု မရှိဘူးကြောင်း အာဏာပိုင်တွေဘက်က ငြင်းဆိုထားပေမဲ့ လက်တွေ့အခြေအနေကတော့ တမျိုးဖြစ်နေပြီး ဒီဆောင်ရွက်ချက်ကြောင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်လို သုံးသပ်မှုတွေ ရှိပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရမယ်ဆိုတာ အများသဘောတူလက်ခံပေမယ့် နောက်ပြန်ဆွဲ နေသူတွေရှိတယ်လို့ သုံးသပ်မှုတွေရှိနေကြပါတယ်။ ဒီပြဿနာမှာ ပညာရေးဌာနက တာဝန်ရှိသူတွေပါဝင်သလို အစိုးရအဖွဲ့ထဲက အရင်စစ်အစိုးရလက်ထက်က စဉ်းစားပုံမျိုးနဲ့ စဉ်းစားနေသူတွေကြောင့်လည်း အခက်အခဲတွေဖြစ်နေရတယ်လို့ ရှုမြင်နေကြတာပါ။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အလုပ်သမားဆန္ဒပြပွဲတွေကြောင့် တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းတယ်လို့ အာဏာပိုင်တွေက သုံးသပ်ပါတယ်။ တကယ်တမ်း တိုင်းပြည်ဂုဏ်သိက္ခာကို ထိခိုက်စေတာက ဘာတွေများပါလဲ၊ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ အစိုးရဘက်က အထိနာခဲ့သလို ကိုးကန့်တပ်တွေဟာ လောက်ကိုင်မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ အစိုးရဘက်က ကျူးကျော်စစ်အဖြစ် ပြောဆိုခဲ့တာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ ကြိုးပမ်းနေတဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာလားဆိုတာ စိုးရိမ်နေကြပါတယ်။ သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံက မဖြေရှင်းနိုင်သေးတဲ့ ပဋိပက္ခတွေထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာပြဿနာဟာလည်း အစိုးရနဲ့ ဒေသခံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတခုဖြစ်ပါတယ်။ လက်ပံတောင်းမှာ အာဏာပိုင်တွေရဲ့အကြမ်းဖက်နှိမ်နင်းမှုကြောင့် သွေးမြေကျခဲ့ရပြီးနောက် ဒေသခံတွေ သပိတ်စခန်းဖွင့်လှစ်တောင်းဆိုနေတာ အခုဆိုရင် ၂ လနီးပါးရှိနေပါပြီ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို သယံဇာတကျိန်စာမိနေတယ်လို့ တင်စားဝေဖန်တာဟာ စီမံခန့်ခွဲမှုအားနည်းချက်တွေကို ထောက်ပြနေတာဖြစ်တယ်လို့ ဝေဖန်သူတွေကပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက သယံဇာတတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ ထွက်နေကြတာပါ။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်မှုတွေအကြောင်း သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ ယူရေနီယံ တွေ့ရှိပြီဆိုတဲ့သတင်းကို သူဌေးကြီး ဦးတေဇက ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီသတင်းရဲ့နောက်ကွယ်မှာ ဘာမြုှပ်ကွက်တွေရှိလေမလဲဆိုတဲ့ ဝေဖန်မှုအများအပြား တစ်ပြိုင်နက်ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံတစ်ဝှမ်းက တရုတ်ရင်းနှီးမြုှပ်နှံမှုတွေမှာ ဒေသခံပြည်သူတွေနဲ့ ပြဿနာတွေ ပေါ်ပေါက်နေရာမှာ အဓိကအကြောင်းကတော့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့်လို့ ဝေဖန်မှုတွေရှိသလို၊ အစိုးရရဲ့ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်တာတွေလည်းရှိကြပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မဒေးကျွန်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေက အခြေအနေတွေကို သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဟာ တပ်လှန့်နေသလိုဖြစ်တယ်လို့ သတိပေးချက်တွေထွက်ပေါ်နေပါတယ်။ မြေစာပုံကြီး ပြိုကျရာမှာ ကိုက် ၅၀၀ အကွာအဝေးလောက်အထိ မြေစာခဲတွေ ဖုံးလွှမ်းသွားပြီး ပျောက်ဆုံးသူ ဘယ်နှစ်ယောက်ဆိုတာ ခုချိန်ထိ အတိအကျမသိရသေးပါဘူး။ ဒါ့အပြင် ကျောက်စိမ်းတွင်းဒေသရဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုအခြေအနေဟာလည်း သတိပြုရမယ့် အနေအထားဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


လက်ပံတောင်းတောင်မှာ ဖြစ်ပွားနေတဲ့ ပြဿနာမှာ မြေယာလျော်ကြေးယူမထားတဲ့ မြေတွေကိုပါက ခြံစည်းရိုးခတ်လိုက်ခြင်းဟာ ဒေသခံတွေရဲ့ဒေါသကို အထွတ်အထိပ်အထိ ရောက်သွားစေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် ဝမ်ပေါင်ကုမ္ဗဏီကတော့ ဒေသခံတွေနဲ့ ပြေပြေလည်လည်ညှိနှိုင်းပြီးမှ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာကျောင်းသားထု တောင်းဆိုနေတဲ့ ပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် အကြောင်းပြန်ကြားချက်ပေးဖို့ ရက်ပေါင်း ၆၀ အချိန်ပေးထားခဲ့တာ လာမယ့်ဇန်နဝါရီလလယ်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ အာဏာပိုင်တွေဘက်က ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂနဲ့ စင်ပြိုင်အဖွဲ့တွေ ဖွဲ့စည်းလာတာတွေ့ရပါတယ်။ ဦးတင်အောင်ခိုင်က အခုတပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

 

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်မြို့လယ်မှာ ၉ လကျော်ကြာ သပိတ်စခန်းဖွင့်ထားတဲ့ မိကျောင်းကန်ဒေသခံတွေက အာဏာပိုင်တွေကို ပြဿနာတွေ လာရောက်ရှင်းပေးဖို့ တောင်းဆိုလိုက်နေသလို အဖမ်းခံဖို့လည်း အဆင်သင့်လို့ စာထုတ်ပြန်ထားတဲ့အကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ ်အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပေးကမ်းစွန့်ကြဲ လှူဒါန်းတဲ့နေရာမှာ မြန်မာနိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံသားတွေနဲ့တန်းတူ ကမ္ဘာ့ထိပ်ဆုံးမှာရှိနေတယ်လို့ သုတေသနစစ်တမ်းတခုမှာ တွေ့ရှိရပါတယ်။ ခုလို အလှူရေစက် လက်နဲ့မကွာဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့စိတ်ဟာ တိုင်းပြည်ထူထောင်ရေးမှာ အရေးပါသလားဆိုတာ အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ရန်ကုန်တိုင်း စက်မူဇုန် ၂၉ ခုမှာ စက်မှုလုပ်ငန်းတွေလုပ်ဖို့ အစိုးရက မြေချထားပေးခဲ့ပေမယ့် ဘာမှမလုပ်ပဲ ခြံခတ်ထားတဲ့ မြေကွက်တွေကို တိုင်းဒေသကြီးအစိုးက အရေးယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီမြေနေရာတွေကို တကယ်ဘဲ သိမ်းယူမှာလား၊ အခုလိုပဲသိမ်းယူမယ်ဆိုတဲ့ သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ဘူးပေမဲ့ လက်တွေ့ဘာမှဖြစ်မလာဘူးလို့ စက်မှုဇုန်အတွင်းနေထိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


သဘာဝသယံဇာတတွေ ထုတ်ယူရာမှာ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှာလိုကျင့်သုံးဖို့ စတင်ပြင်ဆင်နေပါပြီ။ ခုလိုဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ကုမ္ပဏီတွေ သုံးပွင့်ဆိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် စိန်ခေါ်မှုတွေ ဘယ်လောက်များနေသလဲဆိုတာ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ငွေခဝါချမှု တိုက်ဖျက်ရေးအတွက် ဥပဒေထုတ်ပြန်ပြီး နည်းဥပဒေမကြာခင် ထွက်ပေါ်လာဖို့ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတယ်လို့ တိုက်ဖျက်ရေး ဗဟိုကော်မတီဝင်တွေက ပြောပေမဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေမဲတွေ အစုလိုက်အပြုံလိုက်ရှိနေတယ်လို့ ဝေဖန်မူတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ အခုတစ်ပတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ အဂတိလိုက်စားမူ တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းထားပေမဲ့ လုပ်ငန်းအကောင်အထည်ဖေါ်မှု အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ကော်မရှင်ဖွဲ့စည်းပေးခဲ့ပြီး ၆ လအတွင်း တိုင်တန်းခဲ့တဲ့ အမှုပေါင်း ၅၃၃ ခုမှာ သုံးမှုကိုဘဲ အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ ဆက်လက်တင်ပြပါမယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ တဖြည်းဖြည်း ပြန်လည်များပြားလာနေပြီဆိုတဲ့ ဝေဖန်ချက်တွေ ထွက်လာနေချိန်မှာ အာဏာပိုင်တွေဘက်ကတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိသလောက်ဖြစ်နေပြီလို့ ပြောဆိုနေပါတယ်။ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှာ ဖမ်းဆီးခံရသူတွေကို ရာဇဝတ်ပြစ်မှုအရ အရေးယူခံနေရသူတွေလို့ပဲ အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။ ဒီအကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ UNFC တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ညီလာခံ ပဉ္စမမြောက်နေ့မှာ သဘောထားကွဲမူတချို့ဖြစ်ပေါ်ခဲ့ပြီး အဖွဲ့အတွင်း အင်အားအကြီးမားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNU ဟာ UNFC ကနေ ယာယီနှုတ်ထွက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံး မျှော်မှန်းနေကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မူဖြစ်စေနိုင်သလားဆိုတာ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာနိုင်ငံ တရားစီရင်ရေးသမိုင်းမှာ မှတ်တမ်းတင်ရမယ်သူတစ်ဦး  သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပေါ်ပေါက်ခဲ့ပြီလို့ ဥပဒေလောကအတွင်း ပြောဆိုလျက်ရှိပါတယ်။  နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) အပြင် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မူ ပုဒ်မ ၁၈ စတဲ့ ဥပဒေတွေနဲ့ အရေးယူခံရသူ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမူအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ဟာ ပြစ်မှုတစ်ခုထဲကို  တရားရုံးတွေမှာခွဲပြီး ကျခံလျက်ရှိတယ်လို့ ဆိုပါတယ်။ ဦးတင်အောင်ခိုင်က သတင်းမြင်ကွင်းကျယ်အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ပြီးခဲ့တဲ့အပတ် စနေနေ့က Ooredoo ကုမ္ဗဏီက ၁၅၀၀ကျပ်တန် တယ်လီဖုန်း ဆင်းကတ်တွေ မြန်မာတစ်ပြည်လုံး စတင်ဖြန်ချီတာနဲ့ ပတ်သက်လို့ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ လာရောက်သတင်းယူတဲ့ သတင်းသမားတွေကို ကျပ် ၈ သောင်းတန် ဆိုနီတယ်လီဖုန်းတွေ လက်ဆောင်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားကျင့်ဝတ်ကို ထိခိုက်တယ်၊ မထိခိုက်ဘူးဆိုတဲ့ ငြင်းခုံမှုတွေ ထွက်ပေါ်နေပါတယ်။ ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။


မန္တလေးမြို့မှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေမှာ တရားခံအစစ်အမှန်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတ ဦးသိန်စိန်က မီဒီယာတွေအနေနဲ့ တိုင်းပြည်လုံခြုံရေးကို ထိပါးစေမယ့် အရေးအသားတွေရေးသားရင် အရေးယူမယ်လို့ သတိပေးလိုက်တဲ့အကြောင်း ဦးတင်အောင်ခိုင်က အခုတစ်ပတ် သတင်းမြင်ကွင်းကျယ် အစီအစဉ်ကနေ တင်ပြထားပါတယ်။

<

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့