၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းကို ရဲတပ်ဖွဲ့ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၂ ရက်နေ့က ပို့ဆောင်စဉ်

ကျောက်တန်းကျေးရွာမှာ ထိန်းသိမ်းစစ်ဆေးနေသူတွေကို တပ်မတော်ကပစ်လို့ ခြောက်ဦးသေဆုံး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတဲ့ ကျေးရွာသားတွေကို ဒီနေ့မနက် ၂ နာရီလောက်မှာ တပ်မတော်က ပစ်ခတ်လို့ ကျေးရွာသား ၆ ဦးသေဆုံးပြီး နောက်ထပ် ၈ ဦးလောက် ဒဏ်ရာရရှိကာ ၄ဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

mdy-heat-shutter-160.jpg

အပူချိန်မြင့်တက်မှုကြောင့် အပူရှောင်စခန်းတွေဖွင့်

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှာ ဒီရက်ပိုင်း နေ့အပူချိန်တွေ မြင့်တက်နေပြီး အဲဒီမြို့တွေရဲ့ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကနေ အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

pen-myanmar-press-freedom-160.jpg

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အကဲဖြတ်အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အပေါ် အကဲဖြတ်မှု အမှတ်အရ သုညမှာရှိနေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သတင်းမီဒီယာသမားတွေမှာ အန္တရာယ်ပိုပြီးများလာနိုင်တယ်လို့ ပဲန်မြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

electric-tower-160.jpeg

မြန်မာလျှပ်စစ်ထုတ်ရေး ပြင်သစ်က ငွေချေးမည်

Myanmar is set to receive a E35.7 million loan from the French မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်၊ ပြင်သစ်ထံက မြန်မာကျပ်ငွေ ဘီလျံ ၆၀ ကျော်နဲ့ ညီမျှတဲ့ ယူရို ၃၅.၇ သန်းချေးယူဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ စာချွန်လွှာမှာ ဖော်ပြထားပါတယ်။

myitsone-160.jpg

မြစ်ဆုံစီမံကိန်း ပြောင်းလဲနိုင်ဟု တရုတ် သတင်းစာရေးသား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းလိုက်ရင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ အစဉ်အလာကို ထိခိုက်မှာစိုးရိမ်ပေမယ့်လည်း ပြည်တွင်း ဖိအားပေးမှုတွေ၊ ကန့်ကွက်မှုတွေအရ ဒီ စီမံကိန်းကို အပြီးအပိုင် မဖျက်သိမ်းရင်တောင်မှ ပြောင်းလဲရမယ့် အနေအထားရှိနေတယ်လို့ ဟောင်ကောင်မှာ ထုတ်ဝေတဲ့ South China Morning Post သတင်းစာက ဗုဒ္ဓဟူးနေ့ မနေ့က ဖော်ပြလိုက်ပါတယ်။

dassk-hunsen-160

မြန်မာကို ကမ္ဘောဒီးယားကူညီမည်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်ဒေါ်လာကိုးသောင်း အကူအညီပေးပြီး ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်အတွက် မြန်မာကျောင်းသူကျောင်းသား ၁ဝ ယောက်ကို ပညာသင်ဆု ချီးမြှင့်မယ်လို့လည်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောလိုက်ပါတယ်။

knut-ostby-160

အပစ်ရပ်ကာလတိုးမြှင့်တဲ့အပေါ် ကုလကြိုဆို

ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲမှု နောက်ထပ် နှစ်လတိုးမြှင့်ကြောင်း မြန်မာ့တပ်မတော်က ကြေညာခဲ့တဲ့အပေါ် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) Mr. Knut Ostby က ကြိုဆိုလိုက်ပါတယ်။

aa-camp-location-160.jpg

ရသေ့တောင် ရွာသား ၃၀၀ ခန့်ကို တပ်မတော်စစ်ဆေးနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံရွာသား သုံးရာလောက်ကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

workers-protest-mayday-160.jpg

အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ မေဒေးနေ့မှာ ချီတက်တောင်းဆို

အလုပ်သမားအရေးကိစ္စတွေမှာ အစိုးရနဲ့ လွှတ်တော်က အဓိက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၁၅၀ ခန့် က ဒီနေ့ ကျရောက်တဲ့ မေဒေးနေ့ အလုပ်သမားနေ့မှာ မန္တလေးမြို့မှာ စုပေါင်းချီတက်တောင်းဆိုကြပါတယ်။

arsa-160.jpg

ICG အစီရင်ခံစာကို ARSA ငြင်းဆို

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ မြန်မာလို အမည်ပေးထားတဲ့ ARSA (Arakan Rohingya Salvation Army) အာဆာအဖွဲ့က နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG International Crisis Group က ထုတ်ပြန်ပြောကြားခဲ့သလို ခြိမ်းခြောက်မှုတွေနဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို ကျူးလွန်နေခြင်း မရှိဘူးလို့ ဧပြီလ ၃ဝ ရက်နေ့စွဲနေ့ မနေ့က တုံ့ပြန်ပြောကြားပါတယ်။

army-160.jpg

အပစ်အခတ် ရပ်စဲရေး တပ်မတော် ၂ လတိုးမြှင့်

ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KIA, TNLA နဲ့ MNDAA တို့ရဲ့ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲမှုတွေကို ဇွန်လ ၃ဝ ရက်နေ့ အထိ တိုးမြှင့်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃ဝ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။

david-hale-160

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ သွားခွင့်ပြုဖို့ ကန် အတွင်းဝန်ပြောကြား

မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နေ့စဉ်အသံလွှင့်အစီအစဉ်
၂ဝ၁၉ မေ ၂ (ကြာသပတေးညပိုင်း)

ဗီဒီယိုများ

သတင်းဆောင်းပါးများ

RFA မနက်ခင်းသတင်း(၂ဝ၁၉ မေ ၃)
သိစရာကြည့်စရာ RFA (၂ဝ၁၉ ဧပြီ ၂၇)

ပန်ဆန်းက ဗကပဌာနချုပ်ဟောင်း

မြန်မာ့နိုင်ငံရေးလောကမှာ အထင်ကရ ဖြစ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်

RFA ကို ရေးတဲ့စာ ပေးတဲ့စာ
၂ဝ၁၉ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ
တရုတ်ထိုးဖောက်မှု
တိုက်ရိုက်အသံလွှင့်ချက် နားဆင်ရန်
ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခိုက်မှုနဲ့ ရိုင်းစိုင်းတဲ့အသုံးအနှုန်း၊ ရှည်လျားတဲ့မှတ်ချက်များကို လက်ခံမည်မဟုတ်ပါ။

အယ်ဒီတာ့ အကြိုက်

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အကဲဖြတ်အစီရင်ခံစာ
မူဆယ်ဆွေးနွေးပွဲပြေလည်ဖို့ ဒေသခံတွေမျှော်လင့်
ဆေးခြောက်စိုက်ပျိုးမှုနဲ့ အမှုဖွင့်ခံရသူများ
ဗိုလ်ကြီးဟောင်းနေမျိုးဇင် ရုံးထုတ်
အဂတိလိုက်စားမှု လျော့ကျခြင်းမရှိ
RFA စနေစကားဝိုင်း
ဆိုက်တခုလုံးသို့